အပိုင်း (၈၈)

Începe de la început
                                    

"ကြည့်ပါဦး ဒုတိယအကိုက ဒါတွေကိုသိလို့ ဒီဆံထိုးကိုဝယ်ခဲ့တာနေမယ် ဘယ်လောက်လှပြီး ခန့်လိုက်တဲ့ဆံထိုးလဲ အမေက ဒီဆံထိုးကိုပန်လိုက်တဲ့အခါ တကယ့်ကို သခင်မတစ်ပါးအတိုင်းပဲ!"

မော့ဟွာသည် ပိုင်မိန်၏ မြောက်ပင့်စကားများကြောင့် ရှက်ရွံ့ခဲ့ရသည်။

"မင်းကိုကြည့်ဦး! အိမ်မှာလယ်တွေက မဝယ်ရသေးဘူး ဒါတွေပြောရဲနေပြီ သူများတွေကြားရင် မင်းကိုကြွားဝါလွန်းတယ်ဆိုပြီး ရယ်ကျလိမ့်မယ်!"

ပိုင်မိန်ကတော့ ဂရုမစိုက်စွာပင်...

"ရယ်ပေါ့ ဘယ်သူကဂရုစိုက်မှာလဲ သူတို့ရယ်လည်း သမီးက မကြာခင် လယ်သူဌေးအိမ်က မမလေးတစ်ယောက်ဖြစ်လာတော့မှာကအမှန်ပဲကို"

မော့ဟွာသည် သူမသမီးကိုတကယ်ပင် ပြောမနိုင်ပါချေ။ သူတို့က လယ်မြေတွေတောင် မဝယ်ရသေးပေမယ့် ဒီကောင်မလေးကတော့ လယ်သူဌေးမိသားစုဆိုတဲ့စကားကို သုံးချင်နေခဲ့ပြီလေ။

"မင်းကတော့လေ!.."

ရှောင်ဟန်သည် ဤဖြစ်အင်ကိုအပြုံးလေးဖြင့်ကြည့်နေခဲ့သလို​အသေးလေးများသည်လည်း မျက်လုံးပြူးလေးများဖြင့်ကြည့်နေခဲ့ကျသည်။

ပိုင်မိန်က ဒါကိုမြင်တော့ အသေးလေးတွေကို ပြောလိုက်ပါတော့တယ်။

"ရှောင်ဖူလေးနဲ့ ရှောင်ဝူလေး နောက်ဆို ဖွားဖွားကို သခင်မကြီးလို့ခေါ်ရတော့မှာနော် လာ အခုစမ်းခေါ်ကြည့်ကျ ဖွားဖွားကို သခင်မကြီးလို့ ခေါ်ကြည့်လိုက်!"

ဤလူသားအသေးလေးများသည် ဘာမှနားမလည်သေးပေ။ သူတို့က ဒါကိုကြားတဲ့အခါ သူတို့ရဲ့ဒေါ်လေးငယ်က ကစားနည်းတစ်ခုကို အစပြုနေတယ်လို့ထင်ပြီး အသံသေးလေးတွေနဲ့ အော်ဟစ်လာကျပါတော့တယ်။

"သခင်မကြီး!"

"သခင်မကြီး သခင်မကြီး"

"ဟီးဟီး ဖွားဖွားက သခင်မကြီး!"

ရုတ်ခြင်းပင် မော့ဟွာ၏မျက်နှာက ရှက်ရွံ့မှုကြောင့် နီစွေးလာရတော့သည်။ သူမက ဒီလိုစနောက်မှုမျိုးကို ခံနိုင်ရည်မရှိသေးပါဘူး။ ဒါကြောင့် သူမက ဘာမှမသိတဲ့ကလေးတွေကို အပြစ်မတင်နိုင်ဘဲ ပိုင်မိန်ကိုသာလိုက်ရိုက်ရန် ထလာခဲ့ရတော့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝUnde poveștirile trăiesc. Descoperă acum