အပိုင်း (၈၈)

Start from the beginning
                                    

ရှောင်ဟန်က ဒါကိုကြားတော့ ပြာပြာသလဲငြင်းဆန်ခဲ့သည်။

"မဖြစ်ဘူး ကျွန်တော်ပြန်ယူသွားလို့မဖြစ်ပါဘူး ကျွန်တော့်ခင်ပွန်းက ဒါက အမေ့အတွက် ရွေးလာတာလို့ပြောခဲ့တာကို အမေ့ကိုမပေးခဲ့ရင် စိတ်ဆိုးလိမ့်မယ် ပြီးတော့ ကျွန်တော်နဲ့ ကလေးတွေအတွက်လည်း ကျောက်စိမ်းထည်တွေပါလာပါတယ် ဒါကြောင့် ကျွန်တော်ဒါကို သိမ်းမထားရဲဘူး"

ပိုင်မိန်က အသေးလေးတွေယူပေးသမျှ ပုလဲထည်တွေကို ဝတ်ကြည့်နေတာဖြစ်ပြီး ဒီအငြင်းခုန်စကားဝိုင်းကိုကြားတော့ ဝင်ပြောပေးလာသည်။

"အမေ ဒုတိယအကိုပြောတာ ဘာများမှားလို့လဲ သူ့မှာ အခု ရွှေချောင်းသောင်းချီရှိနေတာလေ အဲတာက တစ်သောင်းထဲတောင်မဟုတ်ဘူးနော် ဒါကြောင့် သူ့မိသားစုအတွက် ရွှေချောင်းနည်းနည်းသုံးပေးတာကဘာဖြစ်လို့လဲ ဒါက ဆယ်ဂဏန်းတောင်ရှိတာမဟုတ်ဘူးလေ အကိုက အခုအရမ်းချမ်းသာနေတာပါ အမေက သိပ်ပြီးအပြစ်မပြောပါနဲ့ ဒီလိုပဲလွယ်လွယ်တွေးကြည့်လိုက် အရင်က အမေ့မှာရှိတဲ့ပိုက်ဆံတွေကို ဒုတိယအကိုကဖြုန်းခဲ့တယ် အခု သူမှာရှိတဲ့ပိုက်ဆံတွေနဲ့ အမေ့အတွက် ဖြုန်းပေးနေတယ် ကဲ ဒါကအပြန်လှန်ဘဲလေ”

မော့ဟွာသည် သူမ၏သမီ၏သမီးအငယ်ဆုံးလေးကို မကျေမနပ်နှင့် မျက်စောင်းထိုးလိုက်မိပြီး....

"မင်း ဒါကို ဘယ်လိုလုပ် ဒီလိုလွယ်လွယ်ပြောရတာလဲ ဒါကရွှေချောင်းတွေလေ!"

ပိုင်မိန်ကတော့ ဒါတွေကိုသိပ်ဂရုမစိုက်ပါဘူး။ သူမလေးက ပိုင်အမေရဲ့ဆံထိုးကိုယူလိုက်ပြီး ပိုင်အမေနောက်ကျောက်သွား၍ ပြောလိုက်သည်။

"ဒီတော့ဘာဖြစ်လဲ အမေ သေချာတွေးကြည့်ပါ မကြာခင်မှာ အိမ်က လယ်ကွက်ငါးရာတောင် ဝယ်ဖြစ်တော့မယ် ဒါဆို အဖေက လယ်သူဌေးဖြစ်လာပြီး အမေက လယ်သူဌေးအိမ်က သခင်မကြီးဖြစ်လာတော့မှာမလား ဒါက လယ်သူဌေးလေးတောင် မဟုတ်ဘူးနော် လယ်သူဌေးပဲသိရဲ့လား ဒါကြောင့် သခင်မတစ်ယောက်လို အမေကဝတ်စားသင့်တာပေါ့”

ထိုသို့ပြောပြီးနောက် ပိုင်မိန်က ကျောက်စိမ်းဆံထိုးကို ပိုင်အမေ၏ဆံထုံးတွင်ထိုးပေးခဲ့ကာ....

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now