" အင်း..။ မားဆီကနေ နည်းနည်းတော့ ကြားထားပြီးပြီထင်တယ်။ အရမ်း ကန့်ကွက်ချင်တဲ့ပုံမပေါ်ပေမဲ့... ကိုရီးယားရောက်ရင် တစ်အိမ်လုံးမှာ ကိုယ်တစ်ယောက်တည်း အလုပ်လုပ်ရမှာဆိုတော့—"

ထယ်ရယ့်ရဲ့ တစ်ကိုယ်တည်း အတွေးပေမဲ့ အခုအခြေအနေမှာ ကျန်းဟောက်ရဲ့ စီစဉ်မှူတွေက နည်းလမ်းကျတယ်လို့ထင်မိသည်။ မိဘဖြစ်သူတွေက ကိုရီးယားကိုရောက်လာရင် အလုပ်လုပ်ရတော့မှာ မဟုတ်တော့ ထိုအခါကျ အခုထက်စာရင် မာနကြီးတဲ့ ပုံရိပ်က အနည်းငယ်များ သက်သာသွားမလား။

အဲ့ဒီလိုအချိန်ရောက်မှ ထယ်ရယ်နဲ့ ပတ်သက်မှူကို ဖွင့်ပြောရင် ခုနက စိတ်ကူးယဉ်နေသလို ပိုက်ဆံပေးမယ် မတွေ့နဲ့တော့ ဆိုတာမျိုး ဖြစ်လာစရာအကြောင်းလည်း ရှိလာမှာမဟုတ်ချေ။

" ကျန်းဟောက် အရမ်းတော်တယ်"

" အွန်"

" အရမ်းတော်နေတာ ကြည့်လို့ကောင်းတယ်"

အစီအစဉ်မရှိပဲ ထွက်သွားတဲ့ ချီးကျူးစကားတွေကို နားမလည်နိုင်စွာ လက်ခံပြီး ထယ်ရယ့်ကို နှူတ်ခမ်းထောင့်လေးတစ်ဖက်ကွေးသွားရုံ ပြုံးပြတယ်။

" သိတယ်"

ခပ်အေးအေးပြန်ဖြေပြီး ဘယ်လို မြန်မြန်စားလိုက်သလဲ မသိရတဲ့ ရေခဲမုန့်ဟာ လက်ထဲတွင် မရှိတော့။
ထယ်ရယ်ပဲ အစားနှေးလို့ပဲလား မသိ။

" အခု ဆုံးဖြတ်ချက်တစ်ခုချင်းစီအတွက် နည်းနည်းလေးမှ ဝန်မလေးဘူး။ စိတ်ပူတာ တစ်ခုက အချိန်ပဲ"

" ကျွန်တော်က စောင့်ပေးပါမယ်လို့ ပြောနေတာကို ကျန်းဟောက်ကလည်း.."

" ထယ်ရယ့်ကို မဟုတ်ပဲ ကြားထဲက လုပ်ရိုးလုပ်စဉ်တွေကိုပါ.."

"ကျန်းဟောက် မြန်မြန်ပြောင်းလာလို့ မရဘူးဖြစ်နေရင် ကျွန်တော်က တောင်ကိုရီးယားအစိုးရကို ဆန့်ကျင်ပြီး မရရအောင်ခေါ်—"

" ထယ်ရယ်!!"

အမြင့်သံနဲ့ ထယ်ရယ့်နာမည်ကို ခေါ်ကာ အားပါးတရ ရယ်ချတဲ့ ကျန်းဟောက်ကိုကြည့်ပြီး ထယ်ရယ်လည်း ရှက်လို့ မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်ကာလိုက်သည်။

shady☆ [julyz] ✔️Where stories live. Discover now