အပိုင်း (၂၈၅) ချစ်ကြည်ရေးပွဲက သိပ်ဖော်ရွေမနေဘူး

Start from the beginning
                                    

တစ်ယောက်ချင်းပြိုင်ပွဲတွင် သူ့ဓားအဖြစ် လုပ်ပေးမည့်သူ ဘယ်သူမှ မရှိပေ။

Spade Zက သူ့တိုက်ခိုက်တဲ့ပါဝါလောက်နဲ့ ငါးမိနစ်တောင် ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။

ကွေးကွေးသည် ဂိမ်းထဲတွင် နောက်ဆုံး အချိန်မှတ်နေသည်ကို စောင့်နေလိုက်သည်။

“ဂိမ်းစပြီ”

COCO ထိုစာကို ရိုက်လိုက်ပြီးသည်နှင့်တပြိုင်နက် Spade Z၏ ဂိမ်းဇာတ်ကောင်သည် ပြိုးပြိုးပျက်ပျက် လက်နေသော ရိုက်ချက်တစ်ခုကို တန်းပစ်လိုက်တော့၏။

ကွေးကွေက သတိမထားမိဘဲ ခုတ်ချပြီး ရှောင်လိုက်သည်။

ဟွန့် ဒီလို ဝါသနာရှင်ရွှေ့ကွက်နဲ့များ

ကွေးကွေးသည် သူမ၏ဇာတ်ကောင်ကို ကိုင်လိုက်ပြီး  တစ်ဖက်ကိုလှည့်ကာ လှောင်ရယ်လိုက်သည်။

သို့သော်ငြား ထိုအခိုက်အတန့်တွင် အနက်ရောင်သန့်သန့်နှင့် လူသားအရိပ်တစ်ခုက ခုနက လွတ်နေသော သူမဘယ်ဘက်ခြမ်းတွင် ပေါ်လာတော့သည်။

ကွေးကွေး၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ဘာရယ်။

ဘယ်တုန်းက သူဒီကိုရောက်နေတာလဲ။

ငါ ဘာလို့ လုံးဝသတိမထားမိလိုက်တာလဲ။

ဒီလို မျက်စိကျိန်းလောက်တဲ့ရိုက်ချက်တစ်ခု ထုတ်အပြီးမှာ ဆက်ချနိုင်သေးတယ်တဲ့လား။

ကွေးကွေးသည် ထိုဆက်တိုက် တိုက်ကွက်မျိုးကို လုံးဝ မတွေ့ဖူးချေ။

Spade Z..... သူလက်အမြန်နှုန်းက ဘယ်လောက်တောင်မြန်တာလဲ

ကွေးကွေးတင် မဟုတ်ပေ၊ ထိုနေရာတွင်ရှိသော ကြည့်နေသည့် အသင်းသားအားလုံးနှင့် ထိုကာလီမိန်းကလေးများလည်း  မောက်စ်ကို ကိုင်ထားသည့်လက်များမှာ ရှောခ့်ရသွားကာ အေးခဲသွားကြသည်။

“ တက်-တက်”

ဖူကျို့၏ရှည်သွယ်သော လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် ကခုန်နေဆဲဖြစ်သည်။ သူမသည် ကီးဘုတ်ရိုက်နေသည်မှ ထွက်လာသည့်အသံများနှင့်တချိန်ထဲ ရေကဲ့သို့ပျော့ပြောင်းသည်လှုပ်ရှားမှုနှင့် ဓားကို ဆွဲယမ်းလိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now