အပိုင်း (၂၈၄) တစ်ယောက်ချင်း လေ့ကျင့်ရေးပြိုင်ပွဲ

Start from the beginning
                                    

“ မင်းတို့တွေပဲ ပြောတာမလား၊ လူရွေးပွဲကိုနိုင်လာတာက သူ့ကြောင့် မဟုတ်ဘူးဆို၊ ပြီးတော့ သူက မတော်ဘူးဆို၊ ဒါဆို သူ့ကို သင်ပေးလိုက်ပါ”

သည်တစ်ကြိမ်တွင် ပြောလိုက်သူမှာ အခြားသူမဟုတ်ဘဲ ချင်မော့သာဖြစ်တော့သည်။

အတွင်းရေးမှူးလျန်ပင် မတတ်နိုင်တော့ဘဲ သူတို့၏စီအီးအိုကို ကြည့်နေမိသည်။

COCOသည်လည်း သူ့ခေါင်းဆောင်၏လုပ်ရကပ်ကြောင့် ကို စိတ်ရှုပ်သွားတော့သည်။

ဒီအချိန်မှာ ပြိုင်ပွဲတစ်ခုက အသင်းနှစ်သင်းရဲ့မိတ်ဆွေဆက်ဆံရေးကို ထိခိုက်သွားနိုင်တာ ခေါင်းဆောင် မသိဘဲနေမှာမဟုတ်ဘူးလေ။

လျိုလိလည်း အံ့ဩသွားလေသည်။ ထိုစကားများသည် ထိုအစဥ်အမြဲချောမောခံ့ညားနေတဲ့မျက်နှာဆီမှ ထွက်လာသည်ကို သူမ မယုံနိုင်ဖြစ်နေလေသည်။

ပုံမှန်ဆို ဒီလူ ဒီလိုဒရာမာမျိုးကို လွှတ်ထားတတ်တာလေ ၊ ဒါပေမဲ့ ဒီတစ်ခါကျမှ....

ချင်မော့သည် ဘာမျှထပ်မပြောတော့ဘဲ သူပုံရိပ်ကြီးကို ထိန်းထားရင်း ခြေပစ်လက်ပစ် ပြန်ထိုင်ချလိုက်သည်။ သူသည် ဒီကိစ္စကို အတည်ပြောလိုက်ခြင်းဖြစ်သည်။

လင်ရှောင်ထုန်၏ နားလည်မှု စာပေဘာသာစကားသည် ညံ့လေရာ ချင်မော့၏ တည်တည်ငြိမ်ငြိမ်လေသံက သူမအား အခြေအနေကို လုံးဝနားလည်မှုလွဲသွားစေပြီး သူမ၏စိတ်ထဲတွင် ရယ်နေလိုက်သည်။

ဒီစွန့်ပစ်ခံထားရတဲ့ သခင်လေးဖူကို နတ်ဘုရားကြီးကတောင် မတော်ဘူး။ လေ့ကျင့်ဖို့လိုသေးတယ်လို့ ထင်နေတာပဲ။

ကြည့်ရတာ ကြီးမြတ်လှတဲ့သခင်လေးချင်က ဒီအကျော်ဇေယျကစားသမားဘုရင်သစ် “Spade Z”ကို မလိုတော့ဘူးထင်တယ်။

သူက မာနအပြည့်နဲ့ အမြဲတမ်း ဒီဝတုတ်ရုပ်ဆိုးဝက်မ ဘက်မှာပဲနေပြီး သူမကို ခဏ ခဏ ကာကွယ်ပေးနေတာ။

လင်ရှောင်ထုန်သည် အေးစက်စက် ရယ်လိုက်လေသည်။

သူ့ဟာသူများ Supremeအသင်းကို ပိုင်လှပြီ ထင်နေတာတဲ့လား။

အခုတော့ ကြီးမြတ်လှတဲ့သခင်လေးချင်က ထုတ်ပြောလာပြီလေ။

သူတို့ကတောင် ပိုရက်စက်သေးတာပဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now