အပိုင်း (၈၆)

Start from the beginning
                                    

ဒါကိုကြားတော့ အပြောခံရတဲ့ အမျိူးသမီးကြီးတွေက မကျေနပ်တော့ပါဘူး။

"နင်တို့ဘာစကားပြောတာလဲ! ငါတို့အိမ်က ကလေးကဘယ်နားက ကြည့်မကောင်းလို့လဲ!"

"ဟုတ်တယ် ငါ့အိမ်ကကလေးကလည်း သူ့မျက်နှာလေးနဲ့ တစ်သက်လုံးထိုင်စားသွားလို့ရတယ် နင်တို့ရဲ့ကလေးတွေကသာ ကြည့်မကောင်းလောက်အောင်ရုပ်ဆိုးနေတာဟဲ့!"

ဤသို့ဖြင့် စကားဝိုင်းသည် အတင်းပြောကျရမှ တစ်ယောက်တစ်ခွန်းပြောသည့် အခြေနေသို့ ရောက်ရှိသွားခဲ့တော့သည်။

သူတို့ရဲ့မလှမ်းမကမ်းကနေ ဖြတ်သွားတဲ့ရှောင်ဟန်ကတော့ ဒီလူတွေက သူတို့အကြောင်းကို ပြောနေတာဖြစ်မယ်မှန်း သိထားပြီးဖြစ်သော်လည်း  သူကကလေးတွေ မှောက်မလဲအောင်သာ ဂရုစိုက်နေကာ သိပ်ဂရုမစိုက်ခဲ့ပါချေ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ခင်ပွန်း ဆိုးသွမ်းနေချိန်ကလည်း လူတွေက သူတိုကိုတွေ့ရင် အတင်းဖျင်းပြောနေကျဖြစ်လို့ပါပဲ။

သို့သော် အသေးလေးများသည် သူတို့အားကြည့်လိုက် စကားပြောလိုက် လုပ်နေကျသော လူကြီးအုပ်စုကို မျက်လုံးပြူးလေးများနှင့် စပ်စုနေကျကာ ထိုလူများအား ကျော်သွားချိန်မှာတော့ ရှောင်ဟန်အား မေးလာကျတော့သည်။

"ဖေဖေ.. သူတို့ကဘာတွေပြောနေကျတာလဲဟင်"

ရှောင်ဝူသည် အမြဲတမ်း သူ့အကို၏နောက်လိုက်လေးဖြစ်ကာ သူ့အကို၏ မေးလိုက်သံကို ကြားချိန်မှာတော့ သူကလည်း...

"ဟုတ်တယ် သူတို့က သားတို့ကိုကြည့်နေကျတာ!"

ရှောင်ဟန် ထိုမေးခွန်းလေးတွေကိုကြားတော့ ထိုလူများ၏ ကလေးတွေတောင်သတိပြုမိသွားသည့် အပြုမူများကြောင့် စိတ်မသက်သာဖြစ်ခဲ့ရသည်။ သူတို့တွေက သူတို့ကို စူးစူးရဲရဲကြည့်ခဲ့တာကြောင့် ကလေးတွေက ဒါကိုသတိပြုမိသွားတာ မထူးဆန်းပါဘူး။

သို့သော် ရှောင်ဟန်သည် ထိုလူများက သူတို့၏အတင်းဖျင်းများကို ပြောနေသည်ဟု မပြောနိုင်သဖြင့်...

"အဲတာက...ဒီနေ့ ရှောင်ဖူနဲ့ရှောင်ဝူက အရမ်းကြည့်ကောင်းနေလို့နေမှာပါ ဒါမှဟုတ် မင်းတို့ရဲ့ခါးချိတ်အဆောင်လေးတွေက ကြည့်ကောင်းလို့ ကြည့်နေကျတာလည်းနေမယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now