သူတို့လို့ဆိုလိုက်ပေမဲ့ Supremeအသင်းတစ်ခုလုံးကို ဆိုလိုတာတော့မဟုတ်ပါဘူး။
သူမနဲ့ ရွှယ်ယောင်ယောင် ကိုပဲလေ....
ခေါင်းဆောင်က ဒီလိုပုံဆိုမှတော့ ကျန်တဲ့ကစားသမားတွေလဲ တူတူပဲ နေမှာပဲ။
ထိုအရာများကို စဥ်းစားလိုက်ပြီး ဖူကျို့သည် သူမ၏လက်များကို မ,လိုက်လေသည်။ သူမသည် ရက်ရက်စက်စက် သတ်ဖြတ်မှုတစ်ခုနှင့် ဂိမ်းထဲက ပြိုင်ဘက်ကို ရင်ဆိုင်လိုက်၏။
တစ်ဖက်လူက သူတို့ကို မည်သို့ပင် မြင်စေကာမူ သူတို့၏အတွေးကို စိတ်ထဲမှာပဲသိမ်းထားပြီး ဘာတစ်ခုမှ မလုပ်လိုက်ပေ။
အဲလိုမှမလုပ်ရင် သူမက ဘယ်သူ့မျက်နှာကိုမှ မထောက်သလိုဖြစ်နေအုံးမယ်။
သူမကိုယ်တိုင် မိန်းကလေးတစ်ယောက်ဆိုတော့ တခြားမိန်းမတွေကို ကြင်နာသနားပြနေစရာ မလိုလေဘူး။
အချိန် တဖြည်းဖြည်း ကုန်လာသည်နှင့်အမျှ ထိုအကြည့်ချင်းဆုံမိသောအချိန်တိုလေးတစ်ခုကို မည်သူကမှ သတိမပြုမိကြပေ။
အတွင်းရေးမှူးလျန်သည် ချင်မော့၏ နောက်တွင် ထိုင်နေ၏။ သူ့စိတ်အာရုံသည် ချင်မော့၏ ဘယ်ဘက်လက်တွင်သာ ရောက်နေလေသည်။
ချင်မော့ရဲ့ ဘယ်ဖက်လက်မှာ ဒဏ်ရာတွေ ကျန်နေသေးတော့ ဒီလို အချိန်အကြာကြီး မကစားသင့်ဘူးလေ။ အထူးသဖြင့် ဒီလိုနေ့မျိုးမှာပေါ့။ သူဌေးချင်ရဲ့ တိုက်ကွက်တွေက အရမ်းတက်ကြွလွန်းနေတယ်.... သူဘာလို့ ဒီလို ကစားနေတာပါလိမ့်နော်။
အတွင်းရေးမှူးလျန်သည် အဖြေရှာမရဖြစ်နေတော့သည်။ သူသည် အချိန်ကို ကြည့်လိုက်ရာ တစ်နာရီနီးပါး ရှိနေသည်။ သူသည် ချင်မော့၏ဘယ်ဖက်လက် ခံနိုင်ရည်ကို စိုးရိမ်လာသဖြင့် သူတို့ကို ချက်ချင်း ရပ်ခိုင်းလိုက်တော့သည်။
သို့သော် လင်ဖုန်းနှင့် ကျန်သည့်သူများမှာ သူတို့ဟာသူတို့ အပြည့်အဝ မကျေနပ်ကြသေးသဖြင့် သူတို့အားလုံးသည် နောက်ကို လှည့်ကြည့်လိုက်ကြ၏။
အတွင်းရေးမှူးလျန်က ပေါ့ပေါ့ပါးပါးရယ်ကာ ပြောလိုက်၏။
“ ၅နာရီတောင်ထိုးသွားပြီ၊ အသင်းနှစ်သင်းကလဲ တွေ့ဆုံမိတ်ဆက်ရအုံးမှာလေ ဒါကြောင့် ညနေစာ အတူတူ သွားစားကြရအောင်ပါ၊ ကျွန်တော် စားသောက်ဆိုင်မှာ စီစဥ်ထားပြီးပြီ၊ မိန်းကလေးလျို ဒီဘက်ကို ကြွပါ”
BẠN ĐANG ĐỌC
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Lãng mạnbook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
အပိုင်း (၂၇၉) ဖူကျို့ စိတ်ထဲမှာ သေချာသိပြီးသား
Bắt đầu từ đầu