ရဲ့နင်းရှန်က ရဲ့ရှောင်ယွီကို တစ်ဖန်ကြည့်ပြီး ကျေးဇူးတင်စွာဖြင့် "ရှောင်ယွီ ဟွေ့ဟွေ့ကို ရှာတွေ့အောင် ကူညီပေးလို့ ‌ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။"

ရဲ့‌နင်းရှန်က ဘယ်လိုကျေးဇူးတင်ရမလဲ မသိတာကြောင့် သူတို့ကို "မင်းတို့အားလုံး ဗိုက်ဆာနေလား? ခေါက်ဆွဲလုပ်ပေးရမလား?" လို့ မေးသည်။

ကျန်းဟွေ့က စိတ်လှုပ်ရှားပြီး မျက်လုံးနီရဲနေသော သူမအမေကို ကြည့်ပြီး သူမနှလုံးသားထဲ အနည်းချဉ်သွားပြီး နွေးထွေးသလို ခံစားလိုက်ရသည်။

သူမက ရှေ့ကိုလျှောက်လာပြီး ရဲ့နင်းရှန်ကို ဖက်ကာ ပြုံးပြီး "အမေ အရင်သွားအနားယူပါ။ သမီး သူတို့ကို ခေါက်ဆွဲ ချက်ပေးလိုက်မယ်။" လို့ ပြောသည်။

ရဲ့နင်းရှန်က ဒေါတသကြီးနဲ့ ကြည့်ပြီး "သမီးက အခုမှ ပြန်လာတာလေ။ မြန်မြန် ထိုင်ပြီး အနားယူလိုက်။ အားလုံနဲ့ အားဖုန်းအတွက် လက်ဖက်ရည်ကို အမေ မကြာခင် လုပ်လိုက်မယ်။"

ရဲ့နင်းရှန်က သူတို့ သက်တောင့်သက်သာရှိစေဖို့ တစ်ခုခုလုပ်ပေးဖို့ တောင်းဆိုနေတာ မြင်တော့ ကျန်းဟွေ့က "ကောင်းပါပြီ။ သမီးရဲ့ ချောမောလှပတဲ့ အမေ အလုပ်ကြိုးစားလိုက်ပါအုံး။"

ရဲ့နင်းရှန်က ချိုသာစွာပြောနေတဲ့ ကလေးမကို ကြည့်ပြီး စိက်သက်သာရာရသွားကာ သူမရဲ့ မျက်နှာပေါ်ကက အပြုံးက ပိုလန်းဆန်းလာပြီး "ကောင်မလေး ဘယ်ကနေ စကားတတ်လာတာလဲ။ မြန်မြန် ဧည်သည့်တွေကို ဧည့်ခံလိုက်အုံး။"

ကျန်းဟွေ့က သူမကို ရွှတ်နောက်နောက်ဖြင့် "‌ဟုတ်ကဲ့ အမေ။"

ရဲ့နင်းရှန်က ကျန်းဟွေ့ကို သဘောကျသည်။

ရဲ့ရှောင်ယွီက ထိုကဲ့သို့ အသက်ဝင်ပြီး ချစ်စရာကောင်းသော ကျန်းဟွေ့ကို ကြည့်ပြီး သူရဲ့ အနက်ရောင်မျက်လုံးများက အပြုံးများနဲ့ ပြည့်နှက်နေသည်။

ကျန်းဟွေ့က Mall က Xiu Xian Planet ကနေ ဝယ်ထားတဲ့ ဝိညာဉ်စမ်းရေနဲ့ ရဲ့ရှောင်ယွီနဲ့ တခြားသူ‌ တွေအတွက် လက်ဖက်ရည်ကောင်းတစ်အိုး လုပ်လိုက်သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now