အပိုင်း (၈၅)

Start from the beginning
                                    

ဒီဝါးခြင်းတောင်းလေးတွေက ကလေးတွေရဲ့အရွယ်လေးတွေအလိုက် လုပ်ပေးထားပေမယ့် အပိတ်ပါတဲ့ပုံစံလေးတွေပါ။ ရှောင်ဟန်က ထိုဝါးခြင်းတောင်းလေးတွေထဲတွင် လေးလံသည့် အသီးတွေထည့်ပေးဖို့ ရည်ရွယ်ချက်မရှိဘဲ ပေါ့ပါးသည့် ပန်းထိုးဖိနပ်တွေကိုသာထည့်ပေးခဲ့ပြီး သူကလည်း သစ်တော်သီးခြင်းကိုလွယ်လျက် သားဖတတွေက ပိုင်အိမ်သို့ထွက်လာခဲ့ကျတော့သည်။

ရှောင်ဟန်က ကလေးတွေလိုက်မှီနိုင်ဖို့ ဖြေးဖြေးပဲလျောက်ခဲ့တာကြောင့် အားလပ်နေတဲ့ ရွာထဲကလူတွေက သူတို့ကိုမြင်တွေ့ခဲ့ကျရပါတယ်။

ရာသီဥတုက နေ့ခင်းတွေမှာ သိပ်မအေးသေးတာဖြစ်လို့ လူတွေက အစုအဖွဲ့လိုက်လေးတွေနဲ့ ရှိနေပြီး စကားပြောနေကျရာကနေ သူတို့စကားဝိုင်းထဲက မိသားစုဝင်တွေကို လှမ်းမြင်လိုက်ရတာကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာကျကာ...

"အယ် အဲတာ ရှောင်ဟန်နဲ့သူ့ကလေးတွေမလား သူတို့ကိုကြည့်ပါဦး ပိုကောင်းလာပုံရတယ်"

ရှောင်ဟန်နဲ့ ကလေးတွေရဲ့ဘဝက တကယ်ပိုကောင်းလာခဲ့ပါတယ်။ သူတို့က ပိန်ပါးနေစဲဆိုပေမယ့်လည်း သူတို့ရဲ့မျက်နှာလေးတွေက ပြည့်လာပြီး ကလေးတွေဆိုရင်လည်း တန်ဖိုးကြီးအဝတ်တွေ၊ ပန်းထိုးဖိနပ်တွေ၊ ငွေထည်လက်ဝတ်ရတနာတွေနဲ့ ကျောက်စိမ်း ခါးချိတ်အဆောင်လေးတွေကြောင့် လယ်သမားမိသားစုကလို့ မထင်ရပဲ အိမ်တော်ကြီးတစ်ခုက သခင်ငယ်လေးတွေလို့ ထင်ရတာကြောင့် လူအများက အားကျမနာလိုဖြစ်ခဲ့ရတယ်။

ဒီကလေးတွေ တောရွာကလေးတွေပဲဆိုပေမယ့် သူတို့ကလေးတွေနဲ့ တော်တော်လေးကွာခြားသွားတယ်လေ။ ဒါကမနာလိုစရာပါပဲ။

"အင်း ဒီနောက်ပိုင်းမှာ ပိုင်လီက သူ့မိသားစုကိုတော်တော်ဂရုစိုက်တယ်လို့ ပြောတာတွေကြားမိတယ် အဲတာအမှန်ဖြစ်ပုံပဲ"

"ဟုတ်ပါရဲ့ သူတို့က အခုဆို ဆန်ချောပဲစားပြီး အသားလည်းအပြတ်မခံတဲ့အပြင် သကြားကိုတောင် ပုံမှန်စားသေးတယ်တဲ့ ကလေးတွေကိုလည်း အလိုလိုက်တာမှ လွန်ပါရောတဲ့ မုန့်ချိုတွေက သူတို့အိမ်မှာ အပေါဆုံးလို့တောင် ပြောနေကျတာ ငါကအစက ဒါကိုချဲ့ကားနေတာထင်ပေမယ့် အချိန်တိုအတွင်း သူတို့ကကောင်းမွန်လာပုံရလို့ ဒါကအမှန်ပဲလားလို့တောင် ထင်လာပြီ"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now