အပိုင်း (၈၅)

Start from the beginning
                                    

ပိုင်စန်းကလည်း အလုံးစုံနားမလည်ပေမယ့် ပိုင်လီရဲ့စကားကို နားထောင်မည်ဟုပြောကာ ခေါင်းကုတ်လျက်ထွက်သွားခဲ့တော့သည်။

အဲဒီနောက်မှာ ရုံအိမ်ကယောင်္ကျားတွေနဲ့ ကျန်းအိမ်ကယောင်္ကျားတွေကလည်း မြင်းရုပ်တွေလုပ်ဖို့ ရောက်လာကျသဖြင့် ပိုင်အဖေနှင့်ပိုင်ကျန်းသည် သူတို့နှင့်အတူ မြင်းရုပ်များလုပ်သည့်နေရာသို့ ထွက်သွားတော့ကာ ထိုနေရာသည် အိမ်လေး၏ တောင်ဘက်က ထင်းတဲအနီးမှာရှိနေတာပင်။

ပိုင်လီကတော့ တစ်ဖက်က သစ်တော်ပင်တွေဆီပြန်လာခဲ့ကာ ကျန်သည့် သစ်သီးခြင်းတစ်ခြင်းကို အိမ်ထဲသို့သယ်သွားပေးလျက် ရှောင်ဟန်အားပြောခဲ့သည်။

"မင်းအိမ်ကိုသွားဦးမှာမလား အိမ်အတွက်တချို့ယူသွားပေးလိုက်လေ ပြီးတော့ ရုံအိမ်နဲ့ ကျန်းအိမ်ကိုလည်း တချို့ပို့ပေးလိုက်ဦး "

​ထိုသို့ပြောပြီးနောက် ပိုင်လီက ကလေးတွေကိုတစ်ချက်ကြည့်လိုက်၍...

"ဒီကောင်လေးတွေ စားပြီးမှ ပြောတာပါ"

အခု အသေးလေးများသည် ရှောင်ဟန် ရေဆေးပေးထားသည့် သစ်တော်သီးများကို အလုံးလိုက်လေးတွေကိုင်ကာ ကိုက်စားလျက်ရှိသည်။ သူတို့ကိုကြည့်ရတာ အရမ်းကျေနပ်နေတဲ့ပုံပါပဲ။

ပိုင်လီက လှုပ်စိလှုပ်စိဖြစ်နေသည့် ပါးဖောင်းဖောင်လေးတွေကို လက်ညိုးနှင့်လိုက်တို့ခဲ့ကာ...

"အဖေက ဖိုးဖိုးတို့နဲ့အတူတူအလုပ်လုပ်မလို့ မင်းတို့က ဖေဖေနဲ့အတူ ဖွားဖွားစီသွားလည်လိုက်ကျနော်"

ထိုအခါ ထိုအသေးလေးများသည် ပလုတ်ပလောင်းသံလေးများဖြင့် ပြန်ဖြေလာကာ သူတို့ခေါင်းလေးတွေကိုလည်း အလျှင်မြန်ငြိမ့်ပြခဲ့တာကြောင့် ပိုင်လီက စိတ်ထဲငြီးငြူမိနေခဲ့သည်။

သူ့သားလေးတွေက တစ်နေ့တစ်ခြားတင် မဟုတ်တော့ဘူး စက္ကန့်နဲ့အမျှ ပိုပိုချစ်စရာကောင်းလာတယ်လို့ ထင်ရတယ်။ သူဘယ်လိုလုပ်ရတော့မလဲ။

ပိုင်လီသည် ခေါင်းတရမ်းရမ်းဖြင့် အိမ်ထဲမှကျေနပ်စွာထွက်သွားကာ ပိုင်အဖေတို့နားသွားပြီး သူ၏လုပ်ငန်းကို စတင်ခဲ့သလို ရှောင်ဟန်ကလည်းကလေးတွေစားပြီးနောက် ပိုင်လီလုပ်ပေးထားသည့် ၎င်းတို့၏ နောက်ကျောလွယ် ဝါးခြင်းတောင်းလေးတွေကို ကိုယ်စီဝတ်ဆင်ပေးခဲ့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now