အပိုင်း (၈၄)

Start from the beginning
                                    

လူများတာကြောင့် အသီးတွေက သိပ်မကြာခင်မှာပဲကောက်လို့ပြီးသွားပါတော့တယ်။

သူတို့တွေ အားလုံးပေါင်း ဝါးခြင်းတောင်းအကြီးနဲ့ခုနှစ်တောင်းနီးပါး ရလိုက်ပြီး အပင်ပေါ်မှ ပြုတ်ကျ၍ နာနေသည့်အလုံးလေးတွေနှင့် ငှက်စားထားသည်များက တစ်ခြင်းတောင်းခွဲလောက် ပါယ်လိုက်ရသည်။

ပိုင်အဖေက အပင်ပေါ်မှာ အတော်လေးကျန်ရှိနေသေးသည့် အသီးတွေကိုမော့ကြည့်ကာ အောက်ကအသီးခြင်းတောင်းကြီးများကိုလည်း ကြည့်လိုက်ပြီးနောက် ပိုင်လီအားမေးလိုက်တော့၏။

"ဒုတိယ အသီးတွေကအများကြီးပဲ အကုန်လုံးကလည်းမှည့်နေပြီဆိုတော့ အကြာကြီးထားလို့ ကောင်းမှာမဟုတ်တော့ဘူး မင်းဘာလုပ်ဖို့စဥ်းစားထားလဲ"

ဒါတွေအကုန်လုံးက ပိုင်လီရဲ့မိသားစုက အကုန်စားနိုင်ဖို့ မဖြစ်နိုင်သလို ပိုင်မိသားစုရော ဝိုင်းကူစားရင်တောင် ကုန်ဖို့ကမဖြစ်နိုင်သေးပါဘူး။

အသီးတွေက ရှားပါးပြီး အရမ်းအဖိုးတန်တယ်။ ပိုင်လီအိမ်မှာရှိနေတဲ့အသီးတွေက တောရိုင်းသီးတွေလို့ပြောဖို့ကလည်း ချိုလွန်းနေတာဆိုတော့ သူတို့သေချာစီမံရမယ်။

ဒါကြောင့် ပိုင်ကျန်းကဝင်ပြောလိုက်ပြီး...

"ဒုတိယ မင်းဘာလို့ မြို့လေးကို သွားမရောင်းတာလဲ ဆိပ်ကမ်းမြို့လောက် ရောင်းရအဆင်မပြေလောက်ပေမယ့် မြို့လေးမှာလည်း ဝယ်သူတချို့ရှိနိုင်ပါတယ်"

ပိုင်အဖေကလည်း ဒါကိုထောက်ခံကာ...

"အကြီးဆုံးပြောတာမှန်တယ် အခုမှ နေ့တစ်နေ့က စတောင်မစရသေးဘူး မင်းအိမ်မှာလည်း လှည်းနဲ့ကျွဲက အဆင်သင့်ရှိနေတာပဲ သွားရောင်းလိုက် မင်းမှာအခုငွေအများကြီးရှိနေပေမယ့် ငွေကငွေပဲ အသီးတွေအလကားဖြစ်မယ့်အစား နည်းနည်းပဲရရသွားရောင်းတာကောင်းတယ်"

ပိုင်လီက မူလတွင် အသီးတွေကို ရွာထဲက အသိမိတ်ဆွေမိသားစုများကို နည်းနည်းစီလက်ဆောင်ပေးပြီး ကျန်တာကို ဝိုင်စမ်းလုပ်ကြည့်ဖို့စဥ်းစားနေခဲ့တာဖြစ်သည်။ ဒါပေမယ့် သူသေချာစဥ်းစားကြည့်တော့ သူ့မှာ တဆေး အရင်လုပ်ဖို့လိုသေးတာကြောင့် ပိုင်အဖေနဲ့ပိုင်ကျန်းပြောသလို ရောင်းလိုက်တာက ပိုကောင်းပါတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now