အပိုင်း (၈၄)

Start from the beginning
                                    

ပိုင်အဖေက ဒါကိုကြားတော့ အနည်းငယ်လက်မခံချင်ပုံနဲ့ ပြောလာ၏။

"မင်းဘာလို့ ကလေးတွေကို အလုပ်ခိုင်းရတာလဲ သူတို့က နှစ်နှစ်ကျော်လေးပဲရှိသေးတာကို မင်းကအလုပ်ခိုင်းနေပြီ မင်းငါတို့လာတဲ့ထိတောင် မစောင့်နိုင်ဘူးလား ငါတို့ကူကောက်ပေးလို့ရတာပဲ"

သူတို့တွင် မြင်းရုပ်လေးတွေ လုပ်လက်စရှိနေသဖြင့် အထွေးထူးကိစ္စမရှိပါက ပိုင်လီအိမ်သို့ မနက်ခင်းတိုင်း ရောက်လာကျရလိမ့်မည်။ အခုသူတို့မှာ ငွေရှိသွားပြီပေမယ့် သူတို့က ဒါကို မပစ်ပါယ်လိုက်နိုင်ပါဘူး။ သူတို့မှာ လက်ရှိအလုပ်ကလည်း လုပ်စရာရှိတာမဟုတ်ဘူးလေ။

ပိုင်လီက ပိုင်အဖေစကားကိုကြားတော့ မတရားအဆူခံရသလိုပုံနှင့် ပြန်ဖြေခဲ့သည်။

"အဖေကလည်း ကျွန်တော်က လုပ်ခိုင်းတာမဟုတ်ပါဘူး သူတို့ကသာတတ်ကြွနေတာ ကျွန်တော်သာ သူတို့ကိုအသီးမကောက်ခိုင်းရင် အဖေ့မြေးတွေက ငိုကျလိမ့်မယ်"

သူတို့သည်ပြောရင်းနှင့် သစ်တော်သီးပင်တွေနားသို့ရောက်လာကျပြီး ပိုင်မိသားစုက ပိုင်လီပြောသည့်အတိုင်း အသီးကောက်ရာတွင် အလွန်တတ်ကြွနေသည့် အသေးလေးတွေကိုတွေ့ခဲ့ရသည်။ သူတို့က ပိုင်အိမ်ကလူတွေကိုတွေ့တော့ လက်လေးတွေကိုတောင် ဝေ့ရမ်းပြလာကျပါတယ်။

ရှောင်ဖူက နှုတ်ဆက်လာပြီး...

"ဖိုးဖိုး! အကြီးဆုံးဦးဦးနဲ့ တတိယဦးဦး!"

ရှောင်ဝူကလည်း ပြောလာသေးသည်။

"ဖိုးဖိုးနဲ ဦးဦးတို့ကရော အသီးကူကောက်ပေးမလို့လားဟင်"

ပိုင်အိမ်ရှိယောင်္ကျားများသည် တည်ငြိမ်ကာအေးဆေးသောလူများ ဖြစ်ကျသော်လည်း ဤသို့ချစ်စရာကောင်းမှုလေးများဖြင့် အထိုးနှက်ခံလိုက်ကျရကာ သူတို့ကဟုတ်မှန်ကြောင်း အမြန်ပြောလိုက်ကျရတော့၏။

"ဟုတ်ပဟုတ်ပ ရှောင်ဖူနဲ့ရှောင်ဝူလေးတို့အိမ်မှာ အသီးကြွေတွေအများကြီးရှိနေတယ်ဆိုတာနဲ့ ဖိုးဖိုးတို့က လာကူကောက်ပေးကျတာ"

ပိုင်အဖေက ထိုသို့ပြောပြီး သူရဲ့မြေးလေးတွေနားသွားကာ အသီးတွေကို စတင်ကောက်နေပြီဖြစ်သဖြင့် ပိုင်ကျန်းနှင်ပိုင်စန်းတို့ကလည်း အသီးတွေကိုစတင်ကောက်လိုက်ကျတော့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now