" အိမ်မှာ သေချာသောက်တတ်တဲ့သူလည်းမရှိပဲ အပိုတစ်ပုလင်း ဘာလို့ဝယ်တာလဲ"

ကျန်းဟောက်ကမေးလိုက်တော့ အဖေဖြစ်သူက ရယ်ရုံသာ ရယ်တယ်။

" စိတ်ကူးပေါ်လာလို့"

စိတ်ကူးပေါက်ရာ လုပ်တဲ့အကျင့်ကလည်း အဖေတူတာပါလားလို့ ထယ်ရယ် တွေးလိုက်ရင်း တစ်ချက်တော့ ခိုးပြုံးလိုက်ရဲ့။

" မားရော ?"

" သားရဲ့ မာမားလည်း ပါးနဲ့အတူတူသွားမှာ။ ခုနက ဖုန်းဆက်လိုက်တော့ ဝယ်စရာရှိလို့ဆိုပြီး ထွက်သွားတယ်ပြောတာနဲ့ အဲ့ဒီကိုပဲ ဝင်ခေါ်လိုက်တော့မယ်"

ကျန်းဟောက်က ခေါင်းငြိမ့်တာနဲ့ ဦးလေးကျန်းက ထယ်ရယ့်ကိုပါ နှူတ်ဆက်ပြီး ခပ်သုတ်သုတ်ထွက်သွားသည်။

အမှန်အတိုင်း ပြောရရင် ဦးလေးကျန်းကို ထယ်ရယ် မဆိုစလောက်တော့ ကြောက်မိ၏။
အတည်ပေါက်ဖြစ်နေတဲ့ အချိန်တွေဆို ဦးလေးကျန်းကိုထက် အန်တီ့ကိုပဲ စကားပြောဖြစ်တာ ပိုများသည်။

အန်တီကလည်း အိမ်မှာ ပိုရှိနေတတ်တာကြောင့်ရော..။
ကျန်းဟောက်က ထင်သလောက် မိဘတွေနဲ့ တပူးတတွဲနေတတ်တာ မဟုတ်တဲ့အချိန်မှာ ထယ်ရယ်ကတောင် ကျန်းဟောက် မိဘတွေနဲ့ ပိုရင်းနှီးနေပုံပေါ်သည်။

ပြီးတော့ ငယ်ငယ်ကတည်းက အခုလိုဖြစ်နေခဲ့သလားမသိပေမဲ့ ထယ်ရယ် အိမ်မှာ တစ်ပါတ်နေတဲ့အတွင်း အိမ်မှာ လူစုံတာ နှစ်ရက်လောက်သာရှိ၍။

ဦးလေးကျန်း ထွက်သွားတာနဲ့ မီးဖိုချောင်ထဲ တန်းဝင်သွားတဲ့ ကျန်းဟောက်ကို မေ့ချင်ယောင်ဆောင်ပြီး ကျန်းဟောက် အခန်းထဲကိုပဲ ပြန်ဝင်သွားလိုက်သည်။
ထိုအခန်းမှအပ တခြားအိပ်စရာနေရာရှိတဲ့တိုင်အောင် ရင်းနှီးပါတယ်လို့ ခေါင်းစဉ်တပ်ထားတဲ့အချိန် တကူးတက အခန်းခွဲအိပ်တာက အနည်းငယ် ထူးဆန်းနေမယ် မဟုတ်လား။

ပစ္စည်းတွေ ပြန်ချထားခဲ့ပြီး မီးဖိုချောင်ထဲကို လိုက်သွားတော့ ကျန်းဟောက်က ရေခဲသေတ္တာရှေ့ ရပ်နေပြီး ဆန်အရက်ပုလင်းကို ကိုင်ကာ စိုက်ကြည့်နေသည်။

shady☆ [julyz] ✔️Where stories live. Discover now