အပိုင်း (၈၃)

Start from the beginning
                                    

ဒီအတွက် သူတို့က အတွေးများနေကျသော်လည်း နောက်ဆုံးမှာတော့ ပိုင်လီက ပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ရှင်းပေးသွား၍ စိတ်သက်သာရာရခဲ့ရပြီး သူတို့က လာတော့မယ့် ကောင်းမွန်တဲ့နေ့ရက်တွေကို ကြိုတွေးနေမိ၍လည်း သူတို့ရင်ထဲမှာ ပိုင်လီကို တိတ်တိတ်လေး ကျေးဇူးတင်နေခဲ့ကျရသည်။

ဒီလိုနဲ့ ကျိုးရှီရဲ့ပြဿနာ ပြီးဆုံးသွားခြင်းနဲ့အတူ နေ့တစ်နေ့က ကုန်ဆုံးသွားခဲ့ပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ ပိုင်လီက သူထနေကျဖြစ်သည့် မနက်ခင်းခုနှစ်နာရီလောက်တွင် နိုးလာခဲ့ပြီး အသေးလေးတွေကလည်း သူနှင့်အတူတူလို နိုးလာခဲ့သဖြင့် သူတို့က ရှောင်ဟန်ပြင်ထားသည့် အသီးရွက်ပန်ကိတ်နှင့် ကြက်ဥစွပ်ပြုတ်ကို မနက်စာအဖြစ် အတူတူစားခဲ့ကျသည်။

နောက်တော့ ထိုလူသားအသေးလေးတွေက အပင်တွေရေလောင်းဖို့ရာနဲ့ ကြက်လေးတွေကို အစာကျွေးဖို့ဆိုပြီး ပြေးထွက်သွားကျပါတော့တယ်။

ပိုင်လီရဲ့ခြံထဲက အပင်တွေအကြောင်းပြောရလျှင် အကုန်လုံးက တောင်ပေါ်မှ ရွေ့ပြောင်းစိုက်ထားခြင်းဖြစ်သော်လည်း ညိုးနွမ်းကာ ခြောက်သွေ့သွားတာမျိုး တစ်ပင်မှပင်ရှိမလာခဲ့ပေ။ ဒါကြောင့် သူ့ခြံထဲမှာစိမ်းစိုနေတဲ့အပင်တချို့ ရှိပေမယ့် ပိုင်လီကတော့ နည်းနေသေးတယ်လို့ထင်နေပြီး သူက အိမ်ဆောက်အပြီးမှာ အပင်တွေကို မည်သို့အလှဆင်သင့်ကြောင်းကို ကြိုတွေး၍တောင်နေခဲ့သည်။

သူ့ရဲ့သားလေးတွေက အပင်တွေကိုကြိုက်တယ်လေ။ သူက ဘာကြောင့် သူ့အိမ်က အသေးလေးတွေအတွက် ဥယျာဥ်တစ်ခုလုပ်မပေးရမှာလဲ။

ပိုင်ရှောင်ဖူနှင့် ပိုင်ရှောင်ဝူသည် အရင်ဆုံးစံပါယ်ပင်လေးကိုရေလောင်းခဲ့ကျသည်။ ဒီနေ့ စံပါယ်ပင်လေးက အပွင့်တွေအများကြီးရှိနေပါတယ်။ ကိုင်းအသစ်လေးတွေလည်းထွက်နေပြီး အညွှန့်လေးတွေမှာ အဖူးသေးသေးလေးတွေကလည်း ထွက်စပြုနေကာ ပိုင်လီတို့အိမ်က စံပါယ်ပွင့်တွေက စပွင့်ထဲက ခူးထားခြင်းမရှိသဖြင့် အရင်ရက်ကအပွင့်တွေမှာ ​ညိုးသွားခြင်းမရှိသေးဘဲ အသစ်ထပ်ပွင့်သည့် အပွင့်နှင့်ပေါင်းကာ တစ်ပင်လုံးဖွေးနေအောင် ပွင့်နေတာမျိုးဖြစ်နေခဲ့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now