အပိုင်း (၈၂)

Start from the beginning
                                    

ရှောင်ဟန်က မူလတွင် ပိုင်လီက သူ့အား ပုံမှန်မဟုတ်စွာခေါ်ဝေါ်ပြီးနောက် ဘာမှမဖြစ်သလို ပြုမူနေသဖြင့် အံသြနေကာ သူများ နားကြားမှားသွားသည်လားဟု ပြန်စဥ်းစားမိနေတာဖြစ်သော်လည်း ပန်းထိုးဖိနပ်လေးတွေကို မြင်ချိန်တွင်မူ သူက အာရုံလုံးလုံးပြောင်းသွားတော့သည်။

ပန်းထိုးဖိနပ်တွေဆိုတာက လယ်သမားရွာက မိန်းကလေးတွေနဲ့ ကောတွေ ဝယ်ဝတ်နိုင်တာမျိုးမဟုတ်ဘူးလေ။ ပန်းထိုးဖိနပ်တွေက စျေးကြီးတဲ့အပြင် အမြဲတမ်း လယ်ထဲအလုပ်သွားနေရတဲ့ သူတို့နဲ့ ဘယ်လိုလုပ်အဆင်ပြေမှာတဲ့လဲ။ ဒါကြောင့် သူတို့က ပန်းထိုးဖိနပ်တွေကို မြင်ဖူးရင်တောင် ကြည့်ရုံပဲတတ်နိုင်ခဲ့တာပင်။

ဒါပေမယ့် ဒီနေ့မှာတော့ သူ့ရဲ့ခင်ပွန်းက နှစ်ရံယူလာပြီး ဒါက သူ့အတွက်လို့ပြောခဲ့ပါတယ်။

ရှောင်ဟန်က ဖိနပ်လေးတွေကို ပွတ်သပ်ကြည့်မိနေပြီး ဖိနပ်ချုပ်ထားသောအသားသည် အထူးကောင်းမွန်၍ ပန်းထိုးလက်ရာသည်လည်း အလွန်လက်ရာမြောက်သည်ကို ရှာတွေ့သွားခဲ့သည်။ အဲဒီအချိန်မှာ သူက ပန်းထိုးထားတဲ့အပိုင်းကို အရမ်းသဘောကျနေပေမယ့် သိပ်မကြာခင်မှာပဲ တစ်ခုခုကိုအမှတ်ရသွားတော့ကာ ပိုင်လီကိုကြည့်လိုက်ပြီး....

"ခင်ဗျား...
ဒီဖိနပ်တွေအတွက် ဘယ်လောက်ပေးခဲ့ရတာလဲ"

ပန်းထိုးဖိနပ်တွေက အစဥ်မြဲစျေးကြီးလှတယ်။ အဲတာက စျေးအပေါဆုံးဆိုတာတောင်မှပဲ ကြေးပြားခုနှစ်ရာရဲ့ အထက်မှာရှိပါတယ်။ ဒီလောက်ကောင်းတဲ့အရည်သွေးနဲ့ဆိုရင် ရှောင်ဟန်က ဖိနပ်တွေက ငွေချောင်းတွေနဲ့ကျသင့်ခဲ့မှာကို တွေးပူလာခဲ့တော့တယ်။ သူက အချိန်မရွေး ငွေနဲ့ပြန်ရောင်းလို့ရတဲ့ ငွေဆံထိုးကို လက်ခံလို့ရပေမယ့် ဒီဖိနပ်တွေကတော့ ပြန်ရောင်းလို့ရမှာ မဟုတ်တော့ဘူးလေ။ ဒါကို စီးတာက ငွေချောင်းတွေကို ချနင်းနေသလိုဖြစ်နေမှာပေါ့။

ပိုင်လီကမူ ရှောင်ဟန်က သူရွေးလာတဲ့ ဖိနပ်တွေကို နှစ်သက်ပုံရတဲ့အတွက် ကျေနပ်သွားပြီး သူဝယ်ခဲ့ရတဲ့စျေးကိုတော့ ပြောဖို့ရည်ရွယ်ချက်က အစောထဲကသူ့မှာမရှိပါဘူး။ ဒါကြောင့် သူက....

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now