အပိုင်း (၈၁)

Start from the beginning
                                    

ဒီမှာက နေ့ခင်းလိုအလင်းကို ကောင်းကောင်းမြင်ရမယ့် လျှပ်စစ်မီးတွေမရှိဘဲ ဆီနဲ့ထွန်းရတဲ့ မီးခွက်လေးပဲရှိတာကြောင့် အလင်းက သိပ်မကောင်းလှဘူးလေ။ ဒါကြောင့် ကြာရင် အမြင်အာရုံကိုထိခိုက်နိုင်တယ်။

ဒါပေမယ့် ပိုင်လီက ဘာတက်နိုင်မှာလဲ။ သူသာဆက်ပြောနေရင် ဖိအားပေးသလိုဖြစ်ပြီး ထိုကောင်လေးကိုခြောက်မိဦးမယ်။

ဒါကြောင့် သူက အသေးလေးတွေကို ခပ်ဖွဖွပုတ်ပေးနေရင်းက ရှောင်ဟန်အဝတ်ချုပ်တဲ့ထဲ အာရုံမစိုက်နိုင်အောင် မနက်မှပြောဖို့စဥ်းစားထားသည့် စကားများအား အခုပြောဖို့ဆုံးဖြတ်လိုက်တော့သည်။

"ရှောင်ဟန် ကိုယ်ညနေက အဖေတို့နဲ့ လယ်ကွက်ဘယ်လောက်ဝယ်ရမလဲကို ဆွေးနွေးခဲ့တယ်"

ရှောင်ဟန်က ဒါကိုကြားတော့ အနွေးကုတင်ရဲ့အတွင်းပိုင်းကလူကို လှမ်းကြည့်လိုက်မိသည်။ အဲဒီအချိန်မှာ ပိုင်လီက ကလေးတွေရဲ့ခြုံစောင်က ကန့်လန့်ဖြစ်နေတာလားလို့ သံသယဝင်ပြီး စောင်ကိုပြန်ပြင်ဖို့လုပ်နေခဲ့ကာ ရှောင်ဟန်က ခဏရပ်တန့်သွားခဲ့သော်လည်း သူကဘာမှမပြောဘဲ ပိုင်လီပြောမှာကိုသာ ဆက်နားထောင်နေခဲ့တော့၏။

သူက ပိုင်လီမှ သူ့ကို ဒါတွေပြောပြ​လာမည်ဟု မမျှော်လင့်ထားဘဲ အနည်းငယ် အံသြသွားခဲ့တာတော့အမှန်ပါပဲ။

ဒါပေမယ့် သူတို့က မိသားစုတစ်ခုဖြစ်ပြီး ပိုင်လီက သူလုပ်မယ့်အရာတွေကို သူ့ကိုပြောပြတာက ကောင်းပါတယ်။ မဟုတ်ရင် ကိုယ့်အိမ်က ဦးစီးလုပ်မယ့်လုပ်ငန်းတွေကို ဇနီးဖြစ်သူက အကြမ်းဖျင်းတောင်သိမထားရင် နည်းနည်း ရှက်စရာကောင်းနေမှာလေ။

ရှောင်ဟန်က ပိုင်လီ သူ့ကိုပြောပြတာနဲ့တင် ကျေးဇူးတင်နေပါပြီ။

ဒါကြောင့်သူက ငြိမ်သက်စွာနားထောင်နေကာ ပိုင်လီက ဆက်ပြောနေခဲ့၏။

"ကိုယ်တို့ စပါးစိုက်တဲ့ လယ်ကွက်ငါးရာလောက်နဲ့ အသီးရွက်စိုက်တဲ့မြေကွက်ကိုတော့ သစ်သီးခြံအတွက်ရော ဂျုံနဲ့အသီးရွက်တွေ စိုက်ဖို့အတွက်ရော တစ်ထောင်ကျော်လောက် ဝယ်ကျမယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now