Ep(39)

102 7 2
                                    

ကိုယ့်နှလုံးသားပိုင်ရှင်...

Unicode

"မင်းလုပ်ပုံက ကောင်းရဲ့လား ချို..ဟင်....ကိုယ် မင်းကို နေ့လည်ကတည်းက နားဝင်အောင်ပြောနိုင်ခဲ့တယ်ထင်နေတာ..အခုတော့ သားက မင်းကို အမြင်စောင်းတော့မယ်.."

"နေစမ်းပါဦး..ကိုသန့်စင်ရယ်..ကျွန်မလေ...
အမေတယောက်ပါ..အဲ့လို အမေတယောက်က ကိုယ့်သားသမီးကို သူများလက်ထဲ ထည့်ပေးဖို့..ဒီလောက်လေး အဲ့ကလေးရဲ့ စိတ်ကိုစမ်းသပ်လိုက်တာ..ကျွန်မလွန်သွားလား..ရှင်ပြောကြည့်..
သူက ယောက်ျားတယောက်ဆိုတာကိုတောင်..မျက်ကွယ်ပြုပြီး..လက်ခံပေးခဲ့တာပါ..ကိုသန့်စင်ရယ်..ဒီလောက်လေးတောင် ခံနိုင်ရည်မရှိဘူးဆိုရင်..သူတို့ အတူနေကြတဲ့အခါ..ပတ်ဝန်းကျင်..အသိုင်းဝိုင်း..ကထိုးနှက်တာတွေ သူတို့ ဘယ်လိုရင်ဆိုင်မလဲ....ကျွန်မတော့ တကယ်ရင်လေးတယ်"

"မှန်ပါတယ်..ကိုယ်က မင်းကို မှားနေတယ်လို့ပြောတာမှမဟုတ်တာ..ဒါပေမယ့် မင်းစမ်းသပ်တယ်ဆိုတာ..အတိုင်းတာတစ်ခုထားရမယ်ချို..ကိုယ်ပြောတာနားလည်လား..တဖက်ကလေးက မင်း သမီးငယ်လိုမျိုး မာရည်ကြောရည် သွက်သွက်လက်လက်ဆို..ကိုယ်ဘာမှဝင်မပြောဘူး..ချို..အခုဟာက သူ့အားနည်းချက်နဲ့သူ သိမ်ငယ်နေတဲ့ ကလေး..ပြီးတော့ စိတ်ဒဏ်ရာတွေ အထပ်ထပ်ရလာတဲ့ သူ..အဲဒါကိုမှ အခုလို သူတန်ဖိုးထားတဲ့အရာတွေကို..မင်းကစွန့်လွှတ်ခိုင်းတဲ့အခါ..သူ့စိတ်ထဲ ဘယ်လိုနေမလဲ ချိုရယ်..အဲ့ကလေးကို ကိုယ့်သားသမီးလိုသဘောထားပြီး သူ့နေရာမှာ ခဏလေး ဝင်ခံစားကြည့်ပေးလို့ရမလား..ချို..ကိုယ်တောင်းဆိုပါတယ်"

"......."

"အဲ့ကလေးက..ယောက်ျားလေးတစ်ယောက်..မိန်းကလေးဆန်တဲ့သူ..စိတ်ပျော့တဲ့သူဆိုတာကို ဘေးဖယ်ပြီး..သားကို ပျော်ရွင်စေတဲ့သူတစ်ယောက်လို့ မြင်ကြည့်ပေးလိုက်ပါ..ချို..
ဘယ်သူက ဘာပြောမယ်..ပတ်ဝန်းကျင်က ဘယ်လိုရှုံ့ချမယ်..ဒါတွေဟာ ကိုယ့်သားသမီးနဲ့ယှဥ်လာတဲ့အခါကျရင်..ကိုယ့်လိုအဖေတယောက်အတွက်တော့ အကုန်ပမွှားပဲ ချို..ဖြစ်စေချင်တာပေါ့..ကိုယ်အားကိုးရတဲ့သားကြီးကို.. မျိုးရိုးမြင့် မိန်းကလေးတစ်ယောက်နဲ့ လပ်ထပ်ပေးပြီး..ကလေးသေးသေးလေးတွေနဲ့ မိသားစုတည်ဆောက်စေချင်ခဲ့တာပေါ့...ဒါပေမယ့်..သားက ကောင်လေးတစ်ယောက်ကို ရွေးချယ်လာတဲ့အခါ..ကိုယ်လည်း သူ့ရွေးချယ်မှုကို လေးစားပေးရမယ်..ငါက အဖေပဲ..ငါပြောတာပဲလုပ်ရမယ်ဆိုပြီး..သွားလုပ်လို့မရဘူး..ချို..အခုခေတ် မိဘနဲ့သား သမီးတွေကြားထဲမှာ..ငါစွဲစွဲလို့ လမ်းမှားရောက်သွားတဲ့ လူငယ်တွေအများသား ချိုရဲ့..ဒါကြောင့် ကိုယ်တို့တာဝန်က သူတို့ ရွေးချယ်လာတဲ့ သူကို အကဲခတ်မယ်..ကိုယ့်သားသမီးကို ပျော်အောင်လုပ်ပေးနိုင်တဲ့သူလား..သူ့ဘဝကို အနှောင့်ယှက်ပေးမယ့်သူလားကြည့်ပြီးရင်..နောက်ဆက်တွဲ ကိစ္စတွေက ကိုယ်တို့နဲ့မဆိုင်တော့ဘူး.."

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now