Ep(26)

115 12 2
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ကြောက်နေသေးလား.."

"ဟင့်အင်း..ဒါပေမယ့်.."

မနေ့က အကိုအမေက ဖယောင်းတို့အကြောင်းကို သိသွားပြီဆိုကတည်းက ကြောက်စိတ်ရော အကို့ကိုအဆုံးရှုံးမခံချင်ချင်တဲ့စိတ်ရောက နောက်ဆုံးသော မျှော်လင့်ချက်လေးကို တတိတိ တိုက်စားနေသည်။အခု အကိုတို့ အိမ်ရှေ့ ရောက်ပြီဆိုတော့လည်း စိုးရိမ်စိတ်တွေက လူကိုဒုက္ခပေးလွန်းနေပြီး လက်ဖျားတွေလည်း အေးစက်လာတာ ကိုယ့်ကိုကိုယ်သာအသိဆုံး။ ကိုယ်တော်ရမယ့် အနာဂတ် ယောက္ခမကို လိင်တူချစ်သူတစ်ယောက်အနေနဲ့မျက်နှာပြောင်တိုက်ပြီး လာတွေ့တာ ပတ်ဝန်း
ကျင်သိရင် လှောင်ရယ်နေလောက်မလား။

"ကိုယ်သိတယ်..ဖြူစိတ်လှုပ်ရှားနေတယ်ဆိုတာ..ကိုယ်ပြောတာနားထောင်နော် ဖြူ..စိတ်ကိုငြိမ်ငြိမ်လေးထား..မကြောက်နဲ့ ဟုတ်ပြီလား..အတွေးမများနဲ့..ကိုယ့်ရဲ့အကြောင်းပဲ တွေးနေနော်....ကိုယ့်မိဘတွေက ကိုယ့်လိုပဲ သဘောမနောကောင်းကြတယ်..ဒါကြောင့် မစိုးရိမ်ပါနဲ့....အကိုတစ်ယောက်လုံး မင်း အရှေ့မှာရှိတယ်.."

"လာ..ဝင်ကြရအောင်..မေမေတို့လည်း မျှော်နေလောက်ပြီ"

အေးစက်နေတဲ့ လက်ကလေးကို သူ့လက်ဖဝါးကြီးတွေထဲ နစ်ဝင်သွားအောင် အနွေးဓာတ်ပေးလိုက်ပြီး အိမ်ထဲကို တစ်လှမ်းချင်းလှမ်းဝင်ခဲ့သည်။အရင်က နှစ်ပေါင်းများစွာ ဝင်ချည်ထွက်ချည်လုပ်ခဲ့တဲ့ အိမ်အဝင်လမ်းက ဒီနေ့မှ ရှည်လျားနေသလို ခံစားရသည်။

ဖေဖေတို့ဆီမှာ ခွင့်တောင်းပြီး ဖြူ့ကို ပိုင်ဆိုင်
ခွင့်ရချင်နေပြီမို့ နှေးကွေးတဲ့ ခြေလှမ်းတွေကို အရှိန်တင်မိသည်။

"လာ..ကိုကြီးတို့..ဖေဖေတို့တောင် ဒီနေ့ အလုပ် နားထားကြတယ်..သူတို့ သမက်လောင်းလေးကို တွေ့ချင်လို့တဲ့လေ"

သော်တာ ဦးဆောင်ပြီး ကိုကြီးနဲ့ဖယောင်းတိုင်လေးတို့နဲ့အတူ ဧည့်ခန်းထဲ ဝင်လာခဲ့လိုက်သည်။

"​ေဩာ်..ရောက်လာကြပြီလား..ဖေဖေတို့က နေ့လည်လောက်မှ လာမယ်ထင်တာ"

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now