Ep(13)

127 11 2
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

ဖယောင်းမနေ့က မမလေးရဲ့ အဝတ်စားတွေ လျှော်တာ အချိန်ကြာသွားတာကြောင့် ညဘက်ရောက်တော့ အအေးပက်ပြီး အဖျားဝင်တော့သည်။ရှိတဲ့ဆေးလေးသောက်ပြီး ကြိတ်မှိတ်နေပေမယ့် ကြီးနုက သတိထားမိသွားတော့ ဦးလေ​း ကိုသွားပြောရာကနေ မိသားစုဆရာဝန်ပင့်ပေးပြီး ဆေးထိုးလိုက်ရတဲ့အဖြစ်။ပြီးတော့ ဖယောင်းခန္ဓာကိုယ်က တော်တော်အားနည်းနေတယ်ဆိုပြီး dripကို ညဘက်တစ်ခါ အခု ဒီညနေမှာ တစ်ခါထပ်ချိတ်လိုက်ရသည်။လက်တွေလည်း အပ်ပေါက်ရာနှစ်ခုနဲ့ တစ်ဆစ်ဆစ်နာနေသည်။

"ဖယောင်းလေး နိုးပြီလား..ဗိုက်ဆာနေရောပေါ့..ဟိုမှာ မောင်ပိုင်စိုးသူက သားအတွက်ဆိုပြီး..မုန့်တွေပို့ထားတာရှိတယ်..ဆန်ပြုတ်သောက်ချင်စိတ်မရှိရင် အဲ့ဒါလေး စားလိုက်ပါလား...ကြီးနု ယူပေးမယ်လေ"

"ဟင်..အကိုလာသွားတာလား..ကြီးနု"

အကိုနာ့မည်ကြားမှ ဒီနေ့ ဖယောင်း မလာဖြစ်တာကို အကို့ကိုပြောဖို့ မေ့နေခဲ့တာပဲ။ကိုယ်ပိုင်ဖုန်းကလည်းမရှိတဲ့အပြင် အိမ်ဖုန်းနဲ့ဆက်ဖို့ကျ အကို့ဖုန်းနံပါတ် မမေးထားမိတော့ ဖယောင်းမှာ အကိုနဲ့ဆက်သွယ်ဖို့ တော်တော်ခဲယဥ်းသည်။

"မဟုတ်ဘူး..ဖယောင်းလေး သုတလေး လာပို့သွားတာ..သူပြောသွားတာတော့ ပိုင်စိုးက ဖယောင်းနေမကောင်းဘူးဆိုလို့..မုန့်ပို့ပေးလိုက်တာတဲ့...အားရှိအောင်လို့ ငှက်သိုက်ဘူးတွေပါ ထည့်ပေးလိုက်တယ် ဆိုပဲ.."

"အကိုက ဖယောင်းနေမကောင်းတာ ဘယ်လိုသိသွားတာလဲ..ကြီးနု"

"ကိုလေးက အိမ်ဖုန်းကို ဆက်တာ ဖ​ယောင်းရဲ့..အဲ့ဒါ ဖြိုးဖြိုးလည်း အစကတော့ ဘယ်သူမှန်းမသိပါဘူး..နောက်မှ ကိုလေးက နာမည်ပြောတော့မှ မမလေး ချစ်သူကိုကြီးဆိုပြီး ဖြိုးဖြိုးကပြောလိုက်တာ..အဲ့မှာ ကိုလေးကလေ ရယ်ရတယ် သိလား..ညီမလေး လွဲနေပြီဆိုပြီး အကြောက်ကန်ကိုငြင်းတော့တာပဲ..ဟီး"

"ဘာလွဲနေလို့လဲ..ဖြိုးဖြိုးရဲ့..ပြောမယ့်ပြောတော့ အဆုံးထိပြောပါအေ ညည်းကလည်း.."

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Unde poveștirile trăiesc. Descoperă acum