Ep(38)

95 7 0
                                    


ကိုယ့်နှလုံးသားပိုင်ရှင်..

Unicode

"ဒီနေ့ ဘာချက်လဲ ကြီးမေ..အိမ်ပေါ်ကတည်းက အနံ့တွေမွှေးနေလို့.."

ဒေါ်လဲ့ရည်ချို ထမင်းထည့်နေရင်းနဲ့ မေးမိသည်။အပိုပြောတာတော့မဟုတ်ဘူး နေမကောင်းဖြစ်ထားလို့ စားချင်စိတ်ပျောက်နေတဲ့ သူကိုယ်တိုင်ပဲ ဟင်းအနံ့တွေက ဆွဲဆောင်နေလို့ ရေချိုးပြီးတာနဲ့ အောက်ကိုတန်းဆင်းလာခဲ့တာ။

"ကကတစ်ငါးကို..ငါးသံပုရာပေါင်းလေး လုပ်ထားတယ်..မမကြီး...ပြီးတော့ အသီးနှံအစုံနဲ့ ကြက်ချိုချဥ်ကြော်လေးရယ်..ငါးဖယ်ရိုး ဟင်းခါးလေးနဲ့ ငပိတို့စရာအစုံလည်းပါတယ်
မမကြီး"

"အင်း..ဒါ ကျွန်တော့်ရဲ့ မတော်ရ​သေးတဲ့ သမက်လေး လက်ရာပဲ ဖြစ်မယ်..ဟုတ်တယ်မလား..ဒေါ်ကြီးမေ.."

"ဟုတ်တာပေါ့ရှင်..ဟုတ်တာပေါ့..ကလေးက ဟင်းချက်တတ်ရုံတင်မကဘူး..ဘယ်လိုဟင်းနဲ့ဘယ်လို တွဲစပ်ရမယ်..ဘာရောဂါဖြစ်နေရင် ဘယ်လိုအစားစာနဲ့မတည့်တာဆိုပြီး..အကုန်သိနေတယ်လေ..ကျွန်မလည်း ဖယောင်းလေး အိမ်ရောက်လာမှ တော်တော်ကိုသက်သာနေတော့တာ"

"အင်း..ကျွန်တော်လည်း ဒီကလေးကို သားချစ်ရင်ပြီးရောဆိုပြီး ဝကွက်အပ်လိုက်တာတော့မဟုတ်ပါဘူး..အစကတော့ သားကပဲ ပိုပြောနေတာလား..တကယ်ပဲလား ဆိုပြီး..သိချင်နေခဲ့တာ..အခုတော့ ဒီကလေးကို တခါတွေ့လေ..သိတတ်လိမ္မာတာလေးတွေ..လူကြီးသူမအပေါ် ရိုသေသမှုရှိတာတွေ..တဖြည်းဖြည်း သတိထားမိလာလေပဲ..အဲ့တော့ ဒီလိုကလေးကို
သားက တုန်နေအာင်ချစ်နေတာ သူ့အလွန်တော့မဟုတ်တော့ပါဘူး..နော်..မိန်းမ"

"အင်းပါ..ရှင်တို့က အဲ့လောက်ထိ ချီးကျူးနေကြမှတော့..ကျွန်မက ဘာပြောနိုင်တော့မှာမို့လို့လဲ..အပိုပြောရင် ဒီ လဲ့ရည်ချိုကပဲ လူဆိုးမကြီး ဖြစ်ဦးမယ်"

မျက်စောင်းထိုးပြီးပြောလာတဲ့ အိမ်သူသက်ထားကြောင့် ဦးသန့်စင် ခေါင်းခါပြီး ရယ်မိသွားသည်။ဘယ်လောက်ပဲ သဘောမကျဘူးပြောနေနေ သူက အနီးကပ်ဆုံးနေလာတဲ့သူမို့ ကိုယ့်ဇနီးအကြောင်း ကိုယ်သာအသိဆုံး။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now