Ep(18)

127 13 1
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ဒီနေ့က ဖြူ့မွေးနေ့ဆိုတော့.. အခု ဘယ်ကိုသွားချင်လဲ အကို့ကိုပြော..
..အကို ဒီနေ့ အလုပ်ခွင့်ယူထားတယ်ဆိုတော့ ဖြူ့ကိုတနေကုန်အချိန်ပေးလို့ရတယ်"

အကိုက ​ဖယောင်းမွေးနေ့ကို မှတ်မိနေတယ်လို့ ဖြိုးဖြိုးပြောတုန်းက သူအတော်အံ့ဩသွားခဲ့တယ်။ဘာလို့လဲဆိုတော့ ဖယောင်းရဲ့မွေးနေ့ဆိုတာ ကြီးနုနဲ့ဖြိုးဖြိုးကလွဲလို့ ဘယ်သူမှ အရေးတယူလုပ် သတိရတာမျိုး မရှိခဲ့ဘူးလေ။

"ဟို..အကိုသွားတဲ့ နေရာ..ဖယောင်းလိုက်မယ်လေ..အပြင်တခါမှ မလည်ဖူးတော့ ဘယ်နေရာသွားရမလဲ ဖယောင်းမစဥ်းစားတတ်ဘူး"

"အင်း..အချိန်ကတော့ နေ့လည်ရောက်ဖို့ လိုသေးတယ်..ဒီလိုလုပ်ပါလား..ဒီနေ့က ဖယောင်းမွေးနေ့ဆိုတော့ ကုသိုလ်ကောင်းမှုလုပ်ရအောင်လို့ ဖယောင်းမဖူးဘူးတဲ့ ဘုရားကို အကိုလိုက်ပို့မယ်လေ..ကစားကွင်းတွေဘာတွေရော ဖြူသွားချင်လား"

"ဟင့်အင်း..ဖယောင်းက လူများတဲ့နေရာဆို မနေတတ်လို့ အကို..အဲ့ဒါကြောင့်"

ဖြူ​့အနား အချိန်ကြာကြာနေရလေ ဖြူ့အကျင့်လေးတွေ ပိုသိလာရလေဖြစ်သည်။သူစိမ်းဆို စကားပြောဖို့ ခဲယဥ်းတဲ့ကောင်လေး။ လူရှူပ်တဲ့နေရာတွေ မနှစ်သက်တတ်သလို တစ်ခုခုဆို အဆုံးထိရောက်အောင် တွေးပူပြီး ဝမ်းနည်းလွယ်တဲ့ ကောင်လေးသည် အခြားသူတွေအမြင်မှာ ပျော့ညံတယ်လို့ ထင်ကောင်းထင်ပေလိမ့်မည်။

သို့သော် သူ့အမြင်မှာတော့ ဖြူဟာ အပြစ်ကင်းစင်ပြီး တိရစ္ဆာန်လေးတွေ အသည်းတယားယား ချစ်တတ်သလို တပါးသူအပေါ် အမြဲအလေးထားတွေးပေးတတ်တဲ့ ကောင်လေးသာ ဖြစ်သည်။ထို့ကြောင့် ဒီအဖြူထည်လေးကို စတွေ့ကတည်းကနေ အခုချိန်ထိ စိတ်မှာ တစ်စတစ်စ ပိုတိုး၍ ချစ်မြတ်နိုးလာရတာ ကိုယ့်ကိုကိုယ်သာလျှင်အသိဆုံးဖြစ်သည်။

"ဟုတ်ပါပြီ..အဲ့ဒါဆို ဘုရားပဲ အရင်သွားကြတာပေါ့..ပြီးမှ ဘယ်သွားမလဲ ဆက်စဥ်းစားကြမယ်"

တစ်နာရီကျော်လောက် မောင်းပြီးတော့ ပဲခူးမြို့လေးထဲ ဝင်ရောက်လာတော့ ဖြူက တအံတဩနဲ့ဘေးပတ်ချာလည်ကို မျက်လုံးဝိုင်းလေးနဲ့လိုက်ကြည့်လို့နေသည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Onde as histórias ganham vida. Descobre agora