Ep(24)

107 13 0
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ဒီလိုလှီးရတာလား ဖြူ..ကိုယ့်ကို ပြန်ပြဦး"

"အဲ့လိုမဟုတ်ဘူး ကိုကိုရဲ့..ဒီမှာကြည့် ဖယောင်းပြန်ပြမယ်..သေချာကြည့်နော်"

"အင်းပါ..ဒီတစ်ခါနောက်ဆုံးပဲ..ပြီးရင် ချက်ရမယ့် အသီးနှံမှန်သမျှ ကိုယ်ပဲ လှီးတော့မှာ"

အမှန်တော့ ဖြူ့လက်သွယ်သွယ်လေးတွေရဲ့ လှုပ်ရှားမှုလေးတွေကို သဘောကျလွန်းလို့ ထပ်ခါထပ်ကာ သင်ခိုင်းနေမိတာ။ပြီးတော့ ဖြူနဲ့ နီးနိုင်သမျှ နီးကပ်အောင်နေချင်တာလည်း ပါတယ်။အဲ့ဒါမှ ဖြူ့ရဲ့ ကိုယ်သင်းနံ့လေးကို အားပါးတရ ရူခွင့်ရမှာလေ။

"ဓားကို အရမ်းကြီး ဆုပ်ကိုင်မထားရဘူး..ဒီလိုလေး ကြွတယ်ဆိုရုံလေး..ပြီးရင်.."

ဖယောင်းမှာတော့ ပါးစပ်ကမရပ်မနားပြောလိုက် ဓားကိုင်နည်းပုံစံပြလိုက်နေပေမယ့် အကိုတစ်ယောက်ကတော့ ဘာလုပ်နေတယ်ထင်လဲ။လူကို စားမတတ်ဝါးမတတ် ဖောက်ထွင်းမြင်နိုင်နေသလိုမျိုး စိုက်ကြည့်နေတာ ဘယ်လောက်တောင် စိတ်နဲ့ကိုယ်နဲ့မကပ်နိုင်အောင် ဖြစ်နေလဲမသိ။

"ကိုကို.."

"ဟင်..အော်..သိပြီ..ပေးပေး..ကိုယ်လုပ်တတ်သွားပြီ"

ေခါ်လိုက်မှ အသိဝင်သွားသလို ကပျာကယာနဲ့ လက်ထဲက ဓားကိုယူပြီး မုန်လာဥကို ဆတ်ခနဲ လှီးချနေတဲ့ အကိုပါလေ။

"ဖြည်းဖြည်း..ကိုကို..ဓားထိ.."

"အ!"

"တွေ့လား ကိုကိုကလေ..ဖယောင်းပြောလို့တောင်မဆုံးသေးဘူး...အရမ်းနမော်နမဲ့နိုင်တာပဲ.."

ကိုယ့်အိမ်ရှင်ထီးလေးကတော့ နူတ်ခမ်းလေးထော်ပြီး ဆူနေတာ သူ့မျက်စိထဲမှာတော့ အရမ်းကို ချစ်စရာကောင်းနေတယ်။ပြီးတော့ ပျော်လည်းပျော်တယ်။ဘာလို့ဆို အရင်က ချစ်ခြင်းမေတ္တာကို သိပ်ထုတ်မပြတတ်တဲ့ အဖြူထည်လေးက အခုဆို စိုးရိမ်နေတဲ့ ပုံစံလေးတွေ ပိုင်စိုးကို အားကိုးတဲ့ အမူရာလေးတွေ မြင်လာရတယ်။

"ကိုယ်သိပ်မနာပါဘူး ဖြူရဲ့..စိတ်မပူနဲ့နော်.."

"မလိမ်ပါနဲ့..ဒီလောက်ထိ သွေးတွေထွက်နေတာကို..ဘယ်လောက်ထိ နက်သွားလဲ မသိဘူး.ကျစ်!.အဲ့ဒါကြောင့် ပြောပါတယ်..​ကိုကိုကလေ ဒီကို ဖယောင်းလိုက်လာကတည်းက အခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ် သိလား..အခုလည်း ကြည့်လေ..ဘယ်အလုပ်မဆို စေ့စေ့စပ်စပ်လုပ်နိုင်တဲ့သူက ဒီလို ဒဏ်ရာတွေအထိပါ..တခါတလေ တွေးမိတယ် ဖယောင်းကြောင့် အကိုပါ ကံဆိုးမှုတွေ ကူးစက်နေပြီလား ဆိုပြီးတော့.."

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now