Ep(23)

123 12 2
                                    


ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ဦးလေးဘက်ကတော့ အဆင်ပြေပါတယ်
မောင်ပိုင်စိုး..အဓိကက ဦးရဲ့တူလေးပဲ..သူ့ဆန္ဒကို အရင်မေးရမယ်လေ ဟုတ်တယ်မလား..ဖယောင်းဖြူ.. သားရော ဘယ်လိုသဘောရလဲ..ပိုင်စိုးရဲ့ ကွန်ဒိုမှာ ခဏလောက် သွားနေမလား..မင်းအစ်မက မဂ်လာဆောင်ပြီးရင် အိမ်ခွဲနေမှာဆိုတော့ သိပ်တော့အကြာကြီး မနေရပါဘူး သားရယ်..ဦးလေးကတော့ မောင်ပိုင်စိုးအကြံကို လက်ခံတယ်..မဟုတ်ရင် မင်းအစ်မ အခု သွေးရူးသွေးတန်းနဲ့ သားကို ပြသနာထပ်ရှာနေမှာစိုးတာ.."

သူအိမ်မှာရှိနေတဲ့အချိန်က အကြောင်းမဟုတ်။ ဒီကလေးကို ကိုယ့်သမီးရန်ကကာကွယ်ပေးလို့ရသည်။ခက်တာက ကိုယ်ကလည်း တစ်ပတ်မှာ တစ်ရက်လောက်သာ အားတဲ့သူမို့ သမီးရဲ့အမျိုးမျိုးအဖုံဖုံ နှိပ်စက်နည်းနဲ့ဆို ကိုယ့်တူလေးက ကြာရင် လုံးပါးပါးမည့်ကိန်း။ဒါကြောင့်
သမီး လပ်မထပ်ခင်စပ်ကြားလေးမှာ အခြားနေရာ ပြောင်းနေလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယူဆသည်။

"ဟုတ်..ဖယောင်းလည်း အကို့တိုက်ခန်းမှာ ခဏသွားနေချင်ပါတယ်.. ဦးလေး..ဟို..မမလေး မဂ်လာဆောင်ကျရင်တော့ ဖယောင်းကိုဖိတ်ပါနော်..ဝတ်စုံလှလှလေးနဲ့ မမလေးကို ကြည့်ချင်လို့"

"ဒါပြောနေစရာတောင်မလိုပါဘူး သားရယ်..ဦးလေးတို့က မိသားစုတွေပဲ..ဒီလိုအရေးကြီးတဲ့အချိန်မှာ အတူတူရှိနေရမှာ ထုံးစံပဲလေကွယ်..စိတ်ချ..ငါ့တူကို
ဝတ်စုံလှလှလေးပို့ပြီး မဂ်လာပွဲကို တက်ခိုင်းဦးမှာ..နော်..ဟုတ်ပြီလား.."

ပြုံးရွင်သွားတဲ့ မျက်နှာလေးက ခုနက ငိုမဲ့မဲ့မျက်နှာလေးနဲ့မတူ ဝင်းလက်လို့နေသည်။ကလေးက အစ်မတစ်ဝမ်းကွဲနဲ့ ပိုတူတယ်၊ နှာခေါင်းမှည့်ပါတာလေးကအစ မျက်တောင်ရှည်တာလေးတွေ ရယ်လိုက်တဲ့ပုံစံလေးတွေအဆုံး ကိုယ်တွေငယ်စဥ်တုန်းက အစ်မကိုမြင်ခဲ့ရသလိုမျိုးပင် ဖြစ်သည်။ယဥ်ကျေးသည် စိတ်သဘောလေးက အပြုသဘောဆောင်သလို မျက်နှာမြင်ချစ်ခင်ပါစေဟူသော ဂုဏ်ပုဒ်လေးနဲ့ အေးချမ်းသူလေးပင်ဖြစ်သည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now