Ep(31)

110 10 4
                                    


ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

Ring..Ring...

အကိုနဲ့ဖုန်းပြောပြီးတော့ ကြီးမေနဲ့အတူ ညစာပြင်ဖို့ အောက်ဆင်းလာလိုက်သည်။အကိုနဲ့ ပြောနေရလို့လားတော့မသိ အချိန်တွေအကုန်မြန်ပြီး တိုင်ကပ်နာရီလေးတောင် ညနေလေးနာရီကိုညွှန်ပြနေသည်။အစ်မရတနာက ပြန်သွားပုံရပြီး အန်တီကတော့ ဧည့်ခန်းထဲ မတွေ့ပုံထောက် သူ့အခန်းသူ ပြန်ရောက်နေပြီထင်ပါသည်။

"ကြီးမေ..ညစာ တစ်ခုခုထပ်ချက်ဦးမလားဟင်..ဟင်းတွေလည်း နည်းနေတော့ ဖယောင်း ထပ်ချက်ပေးမယ်လေ...နော် ကြီးမေ"

"ညစာက မမကြီးက သိပ်စားတာမဟုတ်ဘူး ကလေးရဲ့..ထမင်းနည်းနည်း ကြက်ဥပြုတ်လေးနဲ့ အရွက်ပြုတ်ရည်လေးတစ်ခွက်..အဲ့ဒါရှိရင် ရပြီ..ကျန်တဲ့ ဟင်းတွေက တို့တူဝရီးနှစ်ယောက်အတွက် လောက်ငှတယ်ဆိုတော့ ထပ်မချက်တော့ဘူးကွယ်..မမကြီးအတွက် ကြက်ဥလေးပြုတ်ပေးဖို့ပဲရှိတာ"

"ဟုတ်...အဲ့ဒါလည်း ဖယောင်းလုပ်ပေးမယ်လေ ကြီးမေ..ပြီးတော့တလက်စတည်း ကြက်ဥပေါင်းလေးပါ လုပ်ပေးချင်လို့..အရည်သောက်ကလေ မနက်က မုန်လာဥချည်ရည်ဆိုတော့..အခု ဒန့်
ဒလွန်ရွက်ဟင်းချိုလေး လုပ်ပေးလိုက်မယ်နော်..ကောင်းလား ကြီးမေ..ဒန့်ဒလွန်ရွက်က သွေးကျတယ်ဆိုတော့ အန်တီနဲ့အဆင်ပြေမယ် ထင်လို့"

"ရတာပေါ့ရှင်..အားလုံး အဆင်ပြေတယ်..ကြည့်ပါဦး..ဒီကလေးနှယ်..အစားသောက်ကို ကျန်းမာရေးနဲ့ညီညွတ်အောင် စီစဥ်တတ်လိုက်ပုံများ..ကြီးမေတော့ သားကို ပြန်တောင်မလွှတ်ချင်တော့ပါဘူး..ဟင်း..ဟင်း"

"​အဲ့ဒါက အန်တီနဲ့ အဆင်ပြေသွားရင် ရပြီ ကြီးမေရဲ့..အဲ့ဒီအခါမျိုးကျ ဖယောင်းက နေ့တိုင်း တနေ့တမျိုး မရိုးရအောင် စီစဥ်ပေးဦးမှာ.."

"အေးပါ..အေးပါ..သားတို့ကို အမြန်ဆုံးလက်ခံပေးပါစေလို့ ကြီးမေက ဆုတောင်းပေးပါတယ်..ငါ့သားလေးက စိတ်ရင်းစေတနာ
လေးမှန်တော့ မမကြီးကို စေတနာရောင်ပြန်ဟပ်မှာလို့ ကြီးမေတော့ ယုံကြည်တယ်..ဘာမှအားမငယ်နဲ့ ကြားလား..သားလေး.."


ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)حيث تعيش القصص. اكتشف الآن