Ep(34)

97 10 4
                                    


ကိုယ့်နှလုံးသားပိုင်ရှင်...

Unicode

Ring...Ring..

"ဟယ်လို..သော်တာ..ညီမလေး.."

"ကိုကြီး ပြန်ရောက်နေတာ သော်တာ့ကို ဖုန်းတချက်တောင် မဆက်ဘူးနော်"

"အမယ် သူကဖြင့် ကိုကြီးကိုရော သတိရသေးရဲ့လား..သူငယ်ချင်းတွေနဲ့ ကလောသွားလိုက် တောင်ကြီးရောက်သွားလိုက် ပျော်နေကြပြီးတော့..ကိုကြီးသိပါတယ်နော်.."

"ဟီးဟီး..ဒီလိုပါပဲ ကိုကြီးရာ..မြို့ပြနဲ့ဝေးရာနေရာဆိုတော့ ရောက်တုန်းရောက်ခိုက် screen offထားပြီး လေကောင်းလေသန့်ရူလိုက် တောတောင်ရေမြေအလှတွေ ခံစားလိုက်လုပ်နေတာ..သိတယ်မလား..သော်တာက ကားတွေရှုပ်ယှက်ခတ်နေတဲ့ နေရာမျိုးထက် တောရိပ်တောင်ရိပ်ရှိတဲ့ ဒီလိုနေရာမျိုးကို သဘောကျတဲ့သူဆိုတော့..အဟင်း..ဒါနဲ့ ဖယောင်းတိုင်လေးရော မေမေနဲ့ အဆင်ပြေရဲ့လားဟင်..မေမေ့ကိုစိတ်ပူလို့သာ အကူညီတောင်းလိုက်ရတာ..စိတ်ထဲ စိုးတထင့်ထင့်နဲ့ ကိုကြီးရေ.."

"အင်း..ပြေတယ်ပဲ ပြောရမှာပေါ့ ညီမလေးရယ်..ဒီနေ့တောင် ကိုကြီးပြန်ရောက်ရောက်ချင်းအထင်လွဲစရာကိစ္စလေးတွေ နည်းနည်းဖြစ်သွားသေးတယ်..ထားပါ..အဲ့ဒီအကြောင်းတွေက သော်တာပြန်ရောက်မှ ကိုကြီးပြောပြမယ်..အခုတော့ ကိုကြီးလည်း တတ်နိုင်သလောက် မေမေက ဖြူ့ကိုသဘောကျအောင် ဖြူ့ရဲ့အတွင်းစိတ်ကို မြင်နိုင်အောင် ကြိုးစားနေပါတယ်..တနေ့တော့ ကြိုးစားသမျှ အရာထင်လာမယ်လို့တော့ မျှော်လင့်ရတာပါပဲ"

"ဖြစ်ရမှာ..ကိုကြီးရဲ့..ထင်တယ်မလုပ်နဲ့..မေမေက ဖယောင်းတိုင်လေးနဲ့ ကိုကြီးကို သေချာပေါက် သဘောတူလိမ့်မယ်..အဲ့ဒါ သော်တာကျိန်ပြောရဲတယ်သိလား..မေမေ့အကြောင်း ကိုကြီးသိပါတယ်..သူစိတ်ထဲမတွေ့တဲ့လူသာဆို..ကိုကြီး ဖယောင်းတိုင်လေးကို အိမ်ခေါ်လာပြီး မိတမဆက်ပေးခင်ကတည်းက နည်းမျိုးစုံနဲ့ ရအောင်ဖြတ်ပြီးလောက်ပြီ..စိတ်မညစ်နဲ့ ကိုကြီး..အခု အမေက ကိုကြီးတို့နှစ်ယောက်ကို အနီးကပ်လေ့လာနေတဲ့ သဘောမျိုးပဲ..ဒီထက်ပိုပြီး ဆိုးဝါးတာတွေ ဖြစ်မလာဘူးဆိုတာ သော်တာ့ကိုယုံ.."

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now