Ep(12)

127 12 0
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ဟ..ငါ့ကောင် မတွေ့တာ ကြာရော..ဘာလဲ ဒီကိုမျက်စိလည်လမ်းမှားလာတာလား.."

"သုတ.. မင်းကလည်း ငါ့တွေ့တာနဲ့ စကားကောင်းပြောမယ်မရှိဘူး..ရွဲ့ပြောဖို့ပဲလုပ်နေလိုက်..မင်းက သော်တာနဲ့ပဲ တန်တယ်..ဟေ့ကောင်"

သုတက ကျောင်းစတက်ကတည်းက Diaryနာမည်နဲ့ Cafe and Galleryဖွင့်လှစ်ထားပြီး အခုဆို onlineမှာ food bloggerတွေရဲ့ recommendတော်တော်များများ ရရှိထားတဲ့ ကော်ဖီဆိုင်အဖြစ် တော်တော်နာမည်ကြီး ​နေပြီ ဖြစ်သည်။ကြားရက်ဆို လူသိပ်မရှိပေမယ့် အခုလိုမျိုး weekendဆိုရင် ကော်ဖီသောက်ရင်း ဓာတ်လာဖမ်းတဲ့ မြီးကောင်ပေါက်ကလေးတွေနဲ့ wifiလာသုံးပြီး ဂိမ်းပွဲနွဲနေကြတဲ့ ကောင်လေးတွေအဖွဲ့နဲ့ ဆိုင်လေးက တော်တော်လူစည်ကားနေသည်။

"အပေါ်ကို သွားမယ် ပိုင်စိုး..အပေါ်မှာ လူသိပ်မရှိဘူး.."

ဆိုင်က နှစ်ထပ်ပြုလုပ်ထားပြီး အောက်မှာရော အပေါ်ထပ်တက်တဲ့ နံရံမှာပါ စုတ်ချက်အမျိုးမျိုးနဲ့ ခြယ်သထားတဲ့ ပန်းချီကားတွေရဲ့အလှက တစိမ့်စိမ့်ကြည့်လေ ပန်းချီဆွဲဆရာရဲ့ ခံစားချက်နဲ့ ဘယ်လိုvibeမျိုးရအောင် ဆွဲထားလဲဆိုတဲ့ အရသာကို ကြည့်ရူခံစားမိလေဖြစ်သည်။

"တကယ်ပြောတာ..မင်းအခုတလော ငါ့တောင်ဖုန်းမဆက်ဘူး..ငါကျတော့ မင်းသိတဲ့အတိုင်း.. ဆိုင်ကိုတောင် ကိုမင်းသူနဲ့ ခဏထားခဲ့ပြီး မကွေးပြေးရတာဆိုတော့..ပြောမယ်ဆို မနေ့ကမှ ငါ ဆိုင်ကို ​သေချာပြန်ကြည့်ရတာ.."

"သိတယ်လေ..မင်းအလုပ်ရှုပ်နေမှာသိလို့ ဖုန်းမဆက်တာပေါ့..ပြီးတော့ အခုတလော ငါတွေးစရာလေးတွေ လွမ်းစရာလေးတွေ နည်းနည်းများနေတာလည်းပါလို့ကွာ.."

"အကို..ဘာမှာမလဲ"

"ဒီကောင်က ထုံးစံအတိုင်း Latte..အဆာပြေမုန့်ရော ဘာစားဦးမလဲ"

"တော်ပြီ ငါ lunchစားပြီးမှ ထွက်လာတာ..မင်းနဲ့လည်း စကားပြောရင်း zoom classလည်း လုပ်ရင်းပေါ့ကွာ"

လက်ထဲကိုင်လာတဲ့ hand bagကို မြှောက်ပြတော့ ထုံစံအတ်ုင်း သုတအောင်က မျက်နှာမဲ့ပြသည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now