Ep(30)

134 9 4
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"နေနေ..အန်တီ့ဘာသာ ဆင်းလို့ရတယ်..မင်းမတွဲနဲ့"

နေ့လည်ထမင်းစားချိန်ရောက်လို့ တစ်ယောက်စာခုံးအသေးလေးနဲ့ ထမင်းဟင်းသွားပို့တော့ သူ့ကို လူမမာလိုဆက်ဆံတာမကြိုက်ဘူးဟုပြောပြီး အောက်ထပ်ဆင်းစားဖို့လုပ်သည်။အခုလည်း ခေါင်းမူးပြီး ချော်လဲမှာစိုးတာကြောင့် ဘေးကနေ ကူတွဲပေးတော့လည်း လက်မခံသူကြောင့် သက်ပြင်းသာအခါခါချမိတယ်။

"အော်..မမကြီးက အောက်ဆင်းလာတာလား..ဘာလိုအပ်လို့လဲဟင်...ကြီးမေဘာလုပ်ပေးရမလဲ"

"ကျွန်မ နေ့လည်စာကို အရင်လိုပဲ ပြင်ပေးပါ ဒေါ်ကြီး...နောက်တခါ သူ့ကို အခန်းထဲ လာမပို့ခိုင်းပါနဲ့.."

"အော်..ဟုတ်ကဲ့ပါ မမကြီး..ထိုင်ပါ..ကြီးမေ အခုပဲ ထမင်းပွဲ ပြင်ပေးမယ်နော်"

စားပွဲမှာ နေရာဝင်ယူလိုက်တော့ ဘေးနားမှာ
နူတ်ဆိတ်၍ ရပ်နေသူကြောင့် ဒေါ်လဲ့ရည်ချိုမှာ မနေသာပြန်။တကယ်ဆို သူလေးကလည်း ဒီအိမ်ရဲ့ဧည့်သည်တစ်ယောက်ဖြစ်နေတာမို့ ခုနကပြောလိုက်တဲ့စကားတွေက ရင့်သီးနေပြန်သလား တွေးရပြန်သည်။အကဲခတ်ကြည့်ရ
သလောက် လွယ်လွယ်နဲ့ ဝမ်းနည်းတတ်တဲ့ကလေး ဖြစ်ပြီး သူစိတ်ထဲ ဖြစ်နေတာ သိပ်မ
ပြတတ်ဘဲ ဖုံးကွယ်ထားတတ်သည်။အစဥ်သ
ဖြင့် ကြည်ရှင်းနေတဲ့ မျက်နှာမှာ တစ်ခုခု ဖြစ်နေပြီဆို စာရေးထားသလို သိသာနေတယ်မဟုတ်လား။

"မင်းရော နေ့လည်စာစားပြီးပြီလား..ဖယောင်းဖြူ..မစားရသေးရင် အန်တီနဲ့အတူ တခါတည်းဝင်စားလိုက်.."

"ဟုတ်သားပဲ..သားရယ် တစ်ခါတည်း စားလိုက်ပါလားကွယ်..နို့မို့ဆို သော်တာလေးခရီးထွက်နေတော့ မမကြီးက တယောက်တည်းစားနေရမှာ"

"ဟုတ်ကဲ့...ကြီးမေ..ဒါဆို ဖယောင်း အန်တီနဲ့ အတူတူစားလိုက်ပါ့မယ်"

ထမင်းထည့်ပေးမယ်လုပ်တော့ ငရဲကြီးပါမယ်ဆိုပြီး သူ့ဘာသာသူခူးခပ်ထည့်နေသူလေး
ကြောင့် ကြီးမေမှာ ပြုံးရပြန်သည်။လိမ္မာ ယဥ်ကျေး အလိုက်သိလိုက်တာများ ဒီကလေးအပြင် နှစ်ယောက်မရှိဘူး။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now