Ep(35)

119 9 4
                                    


Recommend song:နှောင်ကြိုးလေးတမျှင်

ကိုယ့်နှလုံးသားပိုင်ရှင်....

Unicode

"အို့..ကိုကို!"

မသိစိတ်က ဆွဲငင်နေတာများ ဖြူ့လည်ပင်းသား ဖွေးဖွေးလေးအနားကို ဘယ်လိုရောက်သွားမှန်းတောင်မသိလိုက်။ဖြူ့ရဲ့ အသံသေးသေးလေးကြားမှ ကိုယ့်နူတ်ခမ်းတွေ လည်တိုင်နုနုပေါ်နယ်ချဲ့နေမိပြီဆိုတာ သတိထားမိတော့သည်။

"ဆောရီး..ဖြူ..ကိုယ် ခဏစိတ်လွတ်ကိုယ်လွတ်ဖြစ်သွားတယ်..နာသွားလားဟင်"

သွေးကြောတွေတောင် ဖောက်မြင်နေရတဲ့ အသားရေပေါ်မှာ ပိုင်စိုးရဲ့ အနမ်းခြေရာတွေက သွေးခြည်ဥ အသွင်ပြောင်းပြီး ရဲတွတ်တွတ် အကွက်လေးတွေအဖြစ် ဟိုတစ်ခု ဒီတစ်ခု ကျန်ရစ်သည်။

"မနာ...မနာပါဘူး..ကိုကို.."

နားရွက်ကလေးတွေက စတော်ဘယ်ရီသီးလေးတွေလို ရဲရဲနီနေတာတွေ့တော့ ပိုင်စိုးစိတ်တွေပိုလို့ပင် မရိုးမရွ ဖြစ်လာရသည်။

"ကိုယ့်ကလေးက ရှက်နေတာပဲ..အဟင်း"

ခါးကို ငုံ့ကိုင်းပြီး မှန်ဘက် လှည့်ထိုင်နေသူကိုအနောက်ကနေ ဖက်ထားလိုက်သည်။ထိုအခါ ဖြူက ဘေးဘက်ခေါင်းလေးစောင်းပြီး ပုခုံးပေါ်တင်ထားတဲ့ ပိုင်စိုးရဲ့ခေါင်းနဲ့ ထိကပ်ပြီး မျက်လုံးလေးမှိတ်လို့ထားကာ အနွေးဓာတ်ခံယူလို့နေတာကြောင့် ပိုင်စိုး ပြုံးမိသွားသည်။

"ကိုကို..ဖယောင်းလေ မနက်ဖန်ကျရင် ကို့ကို့
ကွန်ဒိုကိုပဲ ပြန်နေလိုက်ရမလားဟင်..ကိုကိုလည်း ပြန်ရောက်လာပြီဆိုတော့..ဖယောင်းက ဒီမှာလူပိုဖြစ်နေမှာစိုးလို့"

"ကိုယ်ပြောမယ် သေချာနားထောင်နော်..
..နောက်ဆိုရင် ဖြူက ဒီမိသားစုဝင်တောင် ဖြစ်လာဦးမှာလေ..ဘာလို့ ကိုယ့်တန်ဖိုးကိုယ်အဲ့လောက်ထိ နှိမ့်ချနေသလဲ ဖြူရယ်..ကိုယ့်အတွက်တော့ ဖြူက ဒီလောကမှာ အဖိုးတန်ဆုံးလူသားလေးပဲဆိုတာ ဖြူသိတယ်မလား..အဲ့ဒီတော့ ဖြူက ကိုယ့်အသိုင်းဝိုင်းကို ရှိန်ပြီး ဘာမှမျက်နှာငယ်နေစရာ အကြောင်းမရှိဘူး ကြားလား..​ဖြူ"

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now