Ep(25)

103 10 0
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ဟယ်လို..အင်း သော်တာ..ကိုကြီး အဆောင်အောက်ရောက်နေပြီ.."

"သော်တာတို့က ကန်တင်းရောက်နေတာ ကိုကြီး..လာခဲ့မယ်နော်..ခဏလေးစောင့်ပေး"

ဖြူနဲ့တွေ့ချင်တယ်ဟု ပူဆာလာတဲ့ ညီမတော်ကြောင့် နေ့လည်တပိုင်း ခွင့်ယူပြီး ဖြူ့ကိုခေါ်ကာ တက္ကသိုလ်ကျောင်းဝန်းထဲ ရောက်နေခြင်းဖြစ်သည်။

"ကိုကို..အဂ်လိပ်လို ဆိုင်းဘုတ်ရှိတာတွေက စာသင်ဆောင်တွေလားဟင်"

"အင်း..အခု ကိုယ်တို့ကားရပ်ထားတာက သော်တာရဲ့မေဂျာ အီးမေဂျာအဆောင်လေ ဖြူ..ဟော ဟိုခပ်လှမ်းလှမ်းမှာ မြင်နေရတာတွေက အဝေးသင်ဆောင်...ဟိုဘက်မှာ စားသောက်ဆိုင်တွေတွေ့တယ်မလား အင်း အဲ့ဒါက ကန်တင်းတွေနဲ့ ဖယ်ရီကား ရပ်တဲ့နေရာတွေ..အတန်းတွေဆင်းချိန်ဆို အဲ့ဒီနေရာက လူစည်နေရော..မုန့်သည်တွေ ပြန်မယ့်သူတွေနဲ့ပေါ့"

"ကိုကိုတို့ တ္ကသိုလ်ကျောင်းသားဘဝက တော်တော်ပျော်ဖို့ကောင်းခဲ့မှာပဲနော်..ဖယောင်းဖြင့် အဲ့လိုဘဝမျိုး မရခဲ့တော့ အားကျလိုက်တာ"

"အားမငယ်ပါနဲ့ ..ကိုယ်ကလေ  ဖြူမရခဲ့တဲ့ ပျော်ရွင်မှုတွေကို အတိတ်ကိုပြန်သွားပြီး မဖြည့်ပေးနိုင်ခဲ့ရင်တောင် အခုလက်ရှိရော အနာဂတ်မှာပါ တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်တာ..ဒါကြောင့် ဖြူကြုံခဲ့ရတဲ့ အတိတ်ဆိုးတွေ.. ပြန်သတိရလာခဲ့ရင် ကိုယ့်ကိုပဲ ကြည့်ပေး..ကိုယ်တစ်ယောက်တည်းကိုပဲ မှီခိုပြီး ဖြူ့ရဲ့ ဘဝထဲကို ကိုယ့်ကိုဝင်ခွင့်ပေး.."

"ဟုတ်..ဖယောင်းနားလည်ပါပြီ..ကိုကို စိတ်ညစ်သွားရင် တောင်းပန်.."

"မလိုဘူး ဖြူ..ကိုယ်တို့နှစ်ယောက်ကြားမှာ ကျေးဇူးတရားတွေ..တောင်းပန်တာတွေ မလိုအပ်ဘူး..အရေးကြီးတာက တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ဝပေးပြီး သစ္စာရှိရှိနဲ့ ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်သွားနိုင်ဖို့ပဲ အရေးကြီးတယ်....ကိုယ့်ကို ဘယ်တော့မှမတောင်းပန်နဲ့ အကယ်၍ ဖြူ့ဘက်ကမှားနေခဲ့ရင်တောင် ကိုယ်က ကန့်သတ်မဲ့ ခွင့်လွှတ်ပေးပြီးသားဆိုတာ ဖြူအသိဆုံးဖြစ်မှာပါ"

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now