အပိုင်း (၂၆၆) ကြီးမြတ်လှတဲ့သခင်လေး တဲ့လား

Start from the beginning
                                    

သူမသည် မည်သူနှင့် အခန်းအတူတူ သုံးရသည်ဖြစ်စေ သူမ၏သရုပ်မှန်ကို အလုံးစုံဖုံးကွယ်ထားနိုင်ပါသည်။

သို့သော် သည်နတ်ဘုရားနှင့်ကတော့..... သူသည် ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာတွင် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူမသည် သည်နတ်ဘုရားနှင့် ရုတ်တရက် အတူတူနေလိုက်လျှင် ဘယ်လိုမမျှော်လင့်ထားသည့်အရာများ ဖြစ်ပေါ်လာမည်ကို သူမ သေချာမသိပါ။

“ ဘာလဲ၊ မကြိုက်ဘူးလား”

ချင်မော့၏ခြေလှမ်းများ ရပ်တန့်သွားလေသည်။ သူသည် သူ့ခရီးဆောင်အိတ်ကို ဆက်ကာ ဆွဲသွားလိုက်ရင်း သူမဘက်သို့လှည့်ကာ ပေါ့ပေ့ါပါးပါး ပြုံးပြလိုက်သော်လည်း ထိုမျက်လုံးများသည် နွေးထွေးမှုဟူသည့် အရာနှင့် ဝေးကွာလျက်ရှိလေသည်။

ဖူကျို့ ထပ်ကြိုးစားလိုက်သည်။

“ ငါလေး ဖုန်းရှန်နဲ့ အခန်းအတူတူသုံးမှာဆိုရင်တော့ အစ်ကိုမော့က ငါလေးကို သင်ပေးလို့ရသေးတာပဲလေ”

ချင်မော့သည် ဖူကျို့ကို စူးရဲစွာကြည့်လိုက်ပြီး သူ့အသံမှာ အေးခဲသွားတော့သည်။

“ မင်း သဘောပဲ”

ထို့နောက် သူသည် အင်မတန် အေးစက်သောအပြုအမူဖြင့် လှည့်ထွက်သွားတော့သည်။

သူ့အတွက် နှစ်ကြိမ်တိတိ အငြင်းခံလိုက်ရခြင်းက အတော်တော်နာကျင်စရာဖြစ်သည်ကို ဖူကျို့ သိလိုက်သော်လည်း သူမသည် သူမအကြောင်း ပေါ်ပေါက်သွားသည်အထိ သည်နတ်ဘုရားနှင့် နေရန် မတတ်နိုင်ချေ။ အလွန်အန္တရာယ်များလွန်းလှသည်။

Supremeအသင်း၏ ကစားသမားများအားလုံးသည် ထိုနေရာတွင် ရပ်နေကြပြီး စကားတခွန်းမှ မပြောရဲကြချေ။ သူတို့၏ ခေါင်းဆောင်လှည့်ထွက်သွားပုံမှာ အမှန်ပင် အေးစက်လွန်းနေသည်မှာ သိသာလှသည်။ သူသည် စိတ်မကြည်နေပေ။ လင်ဖုန်းကဲ့သို့သော အကင်းမပါးသည့်သူပင် သူ့ခေါင်းဆောင်၏ဘေးက အေးစက်နေသော အရှိန်အဝါကို သတိထားမိလေသည်။

ချင်မော့ ထွက်သွားသည်အထိ စောင့်နေရင်း လင်ဖုန်းသည် ဖူကျို့၏ပခုံးကို ပုတ်ကာ နောက်ဆုံးတွင် အသံထွက်လာနိုင်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now