နှစ်ကြိမ်နှစ်ခါအချစ်...

1.3K 130 9
                                    

နှစ်ကြိမ် နှစ်ခါ အချစ်...

U/Z

ဝမ်ရိပေါ်ကတအားပျော်ရွှင်နေတယ်။ချစ်သူ​ရည်းစားရှိတာက ပူလောင်တယ်ထင်ရပေမဲ့ ပျော်ဖို့ကောင်းတဲ့အချိန်လေးတွေရှိသေးတယ်ဆိုတာတော့ လက်ခံရမယ်။သူအရင်ကမ္ဘာတုန်းကဒီလို ခံစားမှုမျိုးမရဖူးဘူး။

ချစ်ရသူပေးတဲ့ လက်ဆောင်ဟာတန်ဖိုးနည်းပါးသည်ဆိုရင်တောင် ဒီလက်ဆောင်အတွက်တော့ ပျော်ရွှင်နေအုံးမှာပဲ။ဒါပေမဲ့ အရင်ကမ္ဘာမှာ ဝမ်ရိပေါ်ဆိုတဲ့ဖြစ်တည်မှုဟာ အရာအားလုံးပြည့်စုံနေခဲ့သည်မလား။အတုယောင်အချစ်တချို့ကလွဲရင် သူ့အတွက်အရာအားလုံးပြည့်စုံနေတာပဲလေ။

ဒီလိုတန်ဖိုးနည်းတဲ့အရာတွေက သူ့ကိုပျော်ရွှင်မှုမပေးနိုင်ဘူးလို့ထင်ထားမိခဲ့ပေမဲ့ သူအခုပျော်ရွှင်နေရတာက ဒီအရာတွေကြောင့်ဖြစ်နေတယ်။ပြီးတော့ပြုံးရွှင်စွာနဲ့တစ်ချက်မငြိုငြင်ပဲ အရာအားလုံးကိုလိုက်လျောပေးနေတဲ့ အမျိုးသားတစ်ယောက်လည်းအပါအဝင်ပဲ။ထိုအမျိုးသားက သူသာလိုချင်ရင်ကမ္ဘာလုံးကြီးတစ်ခုလုံးကိုတောင် ဝယ်ပေးနိုင်တဲ့ပုံစံမျိုးနဲ့ပြုံးရွှင်နေတယ်။

ရှောင်းကျန့်ရဲ့မျက်လုံးထဲမှာ ဝမ်ရိပေါ်ရဲ့ဖြစ်တည်မှုတစ်ခုတည်းသာရှိတယ်။ဘယ်သူကသိနိုင်မလည်း ကိုယ်ရဲ့ဖြစ်တည်မှုသေးသေးလေးက တစ်ခြားတစ်ယောက်အတွက်တော့ တစ်ကမ္ဘာဖြစ်နေခဲ့သည်လေ။

ဘာပိုင်ဆိုင်မှုမှမရှိတဲ့ သာမန်ယောက်ျားလေးတစ်ယောက်ကို ရှောင်းသခင်လေးက မြတ်မြတ်နိုးနိုးနဲ့ကိုချစ်တယ်။ကိုယ့်အပေါ်အနိုင်ယူနေသည်ဖြစ်စေ၊ဆိုးနွဲ့နေသည်ပဲဖြစ်စေ ဝမ်ရိပေါ်ဖြစ်နေသရွေ့ ရှောင်းကျန့်ကဘာအပြစ်တင်စကားမှပြောမှာမဟုတ်ဘူး။

အတိတ်ကကိစ္စတွေကြောင့်လည်းမဟုတ်သလို အပြစ်ရှိစိတ်ကြောင့်လည်းမဟုတ်ဘူး။ဝမ်ရိပေါ်ဆိုတဲ့ဖြစ်တည်မှုလေးတစ်ခုတည်းကြောင့် ရှောင်းကျန့်ကအားလုံးကိုလက်ခံထားပြီးသားဖြစ်တယ်။

အတိတ်ဘဝကိုရှောင်းကျန့်ကပြန်မှတ်မိနေခဲ့တာကြာပြီ။ဒါကို ဝမ်ရိပေါ်သိစရာမလိုဘူး။ကောင်းတဲ့အရာမဟုတ်ခဲ့လို့ ဝမ်ရိပေါ်ကိုပြန်ပြီး မခံစားစေချင်တော့ဘူး။

Survival and deathWhere stories live. Discover now