အပိုင်း(၁၅)

1.1K 161 12
                                    

[Author_Rose Maung]

KZရဲ့ ထုတ်ကုန်အသစ်

U/Z

"ဝမ်..."

တံခါးဝက ဝင်လာတဲ့လူကြောင့် ရှောင်းကျန့်ရဲ့ပြောစရာစကားတို့ ပျောက်ရှသွားရသည်။ဝမ်ရိပေါ်က ပုံကြမ်းဆွဲတဲ့ဝန်ထမ်းတဲ့လား။
ဝမ်ရိပေါ်က ပုံကြမ်းကို သူ့ပုံသူဆွဲထားတာပဲ။

"ဟို...CEO..ကျနော့်ကိုခေါ်တယ်ဆိုလို့ပါ"

"အဟမ်း..."

ရှောင်းကျန့်က နေရခက်သွားပြီး ဒေါသတွေလည်း ပျောက်ကွယ်သွားရသည်။သူအခုဘာပြောနိုင်တော့မှာလည်း။ဝမ်ရိပေါ်က သူ့ရဲ့ချစ်ရသူလေ။ချစ်ရသူကို ကာကွယ်ပေးကြတာ သဘာဝပဲမလား။

ရှောင်းကျန့်က မကြာသေးခင်ကမက်ခဲ့ဖူးတဲ့ အိမ်မက်ကိုပြန်သတိရသွားခဲ့သည်။သူအမှားအကြီးကြီးတစ်ခုလုပ်ခဲ့မိသည်။ဝမ်ရိပေါ်က ခွင့်လွှတ်ခဲ့ပေမဲ့ သူ့အဝေးကိုထွက်သွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး။ဒါက အိမ်မက်တစ်ခုဆိုပေမဲ့ လက်တွေ့ဘဝမှာ ဖြစ်ပျက်ခဲ့ဖူးသလိုမျိုး သူခံစားနေရသည်။ဝမ်ရိပေါ်အပေါ်မှာ အထီးကျန်ဆန်မှုတွေနဲ့ တိတ်ဆိတ်ခြင်းတွေက အမြဲရှိနေတတ်ပြီး ထိုအရာတွေက သူ့ကြောင့်ဖြစ်တည်လာသည်ဟု ရှောင်းကျန့်ကထင်သည်။အကြောင်းပြချက် မယ်မယ်ရရမရှိပေမဲ့ ဝမ်ရိပေါ်ကို သူ ကာကွယ်ပေးချင်သည်။

"CEO...ပြောစရာရှိရင်...အားမနာပဲပြောပါ"

ဘယ်လောက်ပဲ သဘောကျတဲ့လူဖြစ်နေပါစေ သူကအမှားလုပ်ထားမိတဲ့လူမို့ အပြစ်ခံရသင့်သည်ဟု ဝမ်ရိပော်ကထင်သည်။ရှောင်းကျန့်က သူ့ရဲ့အထက်လူကြီးဖြစ်ပြီး အမှားကိုထောက်ပြနိုင်စွမ်းရှိသည်။အမည်တပ်မရတဲ့ဆက်ဆံရေးတစ်ခုကြောင့် အားနာနေတာမျိုး ဝမ်ရိပေါ်မလိုချင်ပါ။

"ဒီပုံကြမ်းက....ဝမ်ရိပေါ်ဆွဲထားတာမလား"

"ဟုတ်ပါတယ်"

ရှောင်းကျန့်ကပုံကြမ်းကို တစ်ချက်ကြည့်လိုက်သည်။ချစ်စရာကောင်းတဲ့ ဝက်ပုံလေးက အဲ့လောက်လည်း မဆိုးလွပါဘူး။

"ပုံကြမ်းကို ကိုယ်သဘောကျတယ်...တစ်ခြားသူတွေရဲ့ ထုတ်ကုန်အသစ်နဲ့ မတူညီပဲ လုံးဝကိုကွဲထွက်နေတယ်...လူငယ်အများစု အများအားဖြင့် မိန်းကလေးတွေကြိုက်လောက်မဲ့ပုံမျိုး..."

Survival and deathМесто, где живут истории. Откройте их для себя