ရှောင်းအိမ်တော်ရဲ့ပြဿနာ

1.3K 153 3
                                    

[Author_Rose Maung]

ရှောင်းအိမ်တော်ရဲ့ပြဿနာ

U/Z

"ဝမ်ရိပေါ်ဆိုတဲ့...ကောင်လေးနဲ့...မင်းဘယ်လိုပတ်သက်နေလည်း"

ရှောင်းကျန့် အနည်းငယ် အလန့်တကြားဖြစ်သွားတယ်။ ရှောင်းဖွားဖွားက နေရာတိုင်းကို လူယုံတွေလွှတ်ထားတာဖြစ်ပြီး အကုန်လုံးကို စောင့်ကြည့်နေခဲ့တာ ဖြစ်သည်။ သို့ပေမဲ့ ကာယကံရှင်တွေဖြစ်တဲ့ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ကတောင် ဘယ်လိုဆက်ဆံရေးမျိုးလည်းဆိုတာကို အမည်မတပ်နိုင်ခဲ့ဘူး။ ရှောင်းဖွားဖွားရဲ့မေးခွန်းအတွက် ရှောင်းကျန့်မှာအဖြေမရှိခဲ့ဘူး။

"........."

"မင်းတို့ရဲ့ပတ်သက်မှုက မရိုးမရှင်းဘူးလို့ ငါကြားထားတယ်...ပြီးတော့...စုစု(ယြီစု)က..အဲ့ကောင်လေးကို အနိုင်ကျင့်ခဲ့တယ်တဲ့...မင်းကအဲ့ကိစ္စကြောင့် စုစုကို အလုပ်ကထုတ်ပစ်လိုက်တယ်...မင်းလုပ်နေတာတွေကို မှန်နေတယ်လို့ မင်းထင်သလား"

"ဒါပေမဲ့ဖွားဖွား...ယွီစုကအနိုင်ကျင့်"

"မှန်တယ်လို့ထင်လား!..မထင်ဘူးလားပဲဖြေ!"

ရှောင်းကျန့်က မနာခံချင်ပေမဲ့ ရှောင်းဖွားဖွားက အာဏာအရှိဆုံးဖြစ်ပြီး ဘယ္သူကမွ မလွန်ဆန်ရဲဘူး။

လုံယွဲ့က အခြေနေကို အကဲခတ်စောင့်ကြည့်နေခဲ့တယ်။သူမက ဒီအိမ်သားဖြစ်တဲ့အတွက်ကြောင့် သူမမှာလည်း ပြောပိုင်ခွင့်ရှိရမယ်လို့ ထင်နေတယ်။ သူမက ဒီအခြေနေကို ကောင်းကောင်းအသုံးချပြီး ရှောင်းကျန့်ကို အဝေးရောက်သွားစေချင်ခဲ့တာဖြစ်သည်။ ရှောင်းသခင်မကြီးနဲ့ အစ်မယွဲ့ရီက လုပ်ငန်းတွေကို မဦးစီးနိုင်တော့ဘူး။ ရှောင်းကျန့်သာ မရှိတော့ပါက ရှောင်းအိမ်တော်မှာ ယောက်ျားသားဖြစ်သူသည် သူမသားတစ်ယောက်တည်းသာ ကျန်ခဲ့တော့မှာ ဖြစ်ပြီး သူမသားက XSအပါအဝင် တခြားလုပ်ငန်းတွေကို ဦးစီးခွင့်ရမည်ဖြစ်သည်။

ရှောင်းကျန့်နိုင်ငံခြားသို့ သွားစဉ်တုန်းက လုံယွဲ့ရဲ့သားဖြစ်သူ ရှောင်းယွဲ့က လုပ်ငန်းတော်တော်များများကို ယာယီအုပ်ချုပ်ခွင့်ရခဲ့သည်။သို့ပေမဲ့ ရှောင်းယွဲ့က XSမဟုတ်သည့် အသေးစားလုပ်ငန်းတွေကိုတောင် သေချာမကိုင်တွယ်နိုင်ခဲ့သည့်အတွက် အဆင်မပြေဖြစ်ခဲ့သည်။ ဝန်ထမ်းလစာတွေကိုလည်း တိုးပေးခြင်းမရှိပဲ ရသမျှအမြတ်ငွေတွေကိုသာ ယူခဲ့သည်။ ရှောင်းယွဲ့ရဲ့ညံ့ဖျင်းမှုတွေကြောင့် အသေးစားလုပ်ငန်းစုလေးတွေက ဒေဝါလီခံရနီးနီးဖြစ်ခဲ့သေးသည်။

Survival and deathWhere stories live. Discover now