[Author- Rose Maung]
ပျောက်ကွယ်နေခဲ့သော တစ်စုံတစ်ခု...
U/Z
ခန်းမထဲက ဝန်ထမ်းတွေအကုန်ပြန်ထွက်လာခဲ့ပြီး သူတို့တွေက ညစာကို ဘယ်ဆိုင်မှာ စားကြမလည်းဆိုတာ ဆွေးနွေးနေခဲ့ကြသည်။
ဝမ်ရိပေါ်က တခြားလူတွေကို ရှောင်ရှားရင်းနဲ့ သန့်စင်ခန်းဆီ မြန်မြန်လျှောက်သွားလိုက်သည်။ရေအေးအေးတွေနဲ့ မျက်နှာသစ်လိုက်ပြီး မကြာသေးခင်က ဖြစ်ပျက်သွားတဲ့အခြေအနေတွေကို ပြန်စဉ်းစားရင်း မျက်နှာတွေနီလာတော့သည်။သူဘယ်လိုတောင် ထိုအမျိုးသားရှေ့မှာ ငိုကြွေးခဲ့မိရတာလည်း။
ရေစက်တွေက မကုန်သေးတာလား....ဒါမှမဟုတ် ဝဋ်ကြွေးတွေလား။
အနောက်တိုင်းဝတ်စုံကိုမှ အပေါ်ကုတ်ကို ချွတ်ထားတဲ့ SEANက သန့်စင်ခန်းထဲကိုဝင်လာခဲ့သည်။ဝမ်ရိပေါ်က SEANကို မတွေ့ချင်တာကြောင့် အပြင်ကိုထွက်ဖို့လုပ်လိုက်ပေမဲ့ ဝမ်ရိပေါ်ရှေ့က ပိတ်ရပ်လာတဲ့SEAN
"CEO....ဖယ်ပေးပါဦး"
"မင်းနဲ့ကိုယ်...အရင်က...သိခဲ့ဖူးတာလား"
"မသိခဲ့ဖူးပါဘူး...CEO လူမှားနေတာဖြစ်ပါလိမ့်မယ်...ကျနော့်ကိုသွားခွင့်ပြုပါအုံး"
"အင်း....ကောင်းပြီ"
ဝမ်ရိပေါ် ထိုလူ့ဆီက ထွက်လာပြီးမှ တုန်လှုပ်ချင်နေတဲ့ဝဲဘက်ရင်အုံကို ထုရိုက်လိုက်မိသည်။
"ထပ်ချစ်မိလို့မဖြစ်ဘူး...အဲ့လူကြောင့် တစ်ခါသေပြီးပြီ...သတိကပ်စမ်းပါ ဝမ်ရိပေါ်ရ!"
ဖောက်ပြန်တတ်တဲ့လူက ဘယ်နှကြိမ် ဘယ်နှခါပဲ အခွင့်ရေးရရ ဖောက်ပြန်တတ်သည်။ဝမ်ရိပေါ်က ဒီဘဝမှာတော့ မချစ်သင့်တဲ့လူကို မချစ်ပဲ တစ်ယောက်တည်းနေထိုင်သွားမည်ဟု အသေချာဆုံးဖြတ်ထားသည်။
ဝမ်ရိပေါ် ကိုယ့်စားပွဲကိုယ်ပြန်ထိုင်လိုက်တော့ လူတစ်ချို့ရဲ့ စကားတွေကိုကြားလိုက်ရသည်။
"တစ်ချို့တွေပေါ့...CEOပြန်ရောက်ပြီလို့ကြားတာနဲ့ ချက်ချင်းကို CEOနားပြေးကပ်ကြတာ ဒါပေမဲ့ CEOက ယောက်ျားလေးတွေကိုမကြိုက်ဘူးလေ...အဲ့ဒါတောင်အရှက်မရှိ လိုက်ကပ်နေသေးတာ"
YOU ARE READING
Survival and death
Fanfictionအမျိုးသားဖြစ်သူရဲ့ ဖောက်ပြန်မှုကိုခံရပြီး ကွာရှင်းခြင်းကိုပါခံလိုက်ရတဲ့ ဝမ်ရိပေါ်က တခြားကမ္ဘာတစ်ခုမှာ သာမန်ဘဝလေးနဲ့ ပြန်လည်မွေးဖွားလာခဲ့ပေမဲ့ အရင်ဘဝက အမျိုးသားဖြစ်သူဟာ ဒီဘဝမှာ သူကြိတ်crushခဲ့ရတဲ့ အလုပ်ရှင်ဖြစ်နေသောအခါ... #rose_maung အမ်ိဳးသားျဖစ္သူရ...