ဝမ်ရိပေါ်က CEOကို ကြိုက်နေတယ်

2.1K 164 5
                                    

[Author- Rose Maung]

ဝမ်ရိပေါ်က CEOကိုကြိုက်နေတယ်(1)

U/Z

"ဝမ်ရိပေါ်....!"

"ဗျာ...စီနီယာ လာပါပြီ"

သေဆုံးသွားပြီဟုထင်နေခဲ့ပေမဲ့ မထင်မှတ်ထားစွာ ဝမ်ရိပေါ်က တစ်ခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းလာခဲ့သည်။ဝမ်ရိပေါ်ကူးပြောင်းလာခဲ့မိတဲ့ လူနာမည်ကလည်း ဝမ်ရိပေါ်ပဲ ဖြစ်နေခဲ့ပြီး ရုပ်ရည်ကအစ မပြောင်းလဲခဲ့ပါ။

ကူးပြောင်းလာပြီနောက်ပိုင်း ဝမ်ရိပေါ်အတွက် အလွန်ခက်ခဲခဲ့ပြီး ဘာမှတ်ဉာဏ်မှလည်း မရရှိခဲ့ပါဘူး။သုံးရက်လောက် အားလုံးကို စုံစမ်းပြီးတော့မှ သိလိုက်ရသည်က ဝမ်ရိပေါ်ကူးပြောင်းလာခဲ့တဲ့ လူက မိသားစုမရှိ ပိုက်ဆံအလယ်အလတ်လောက် ရတဲ့အလုပ်တစ်ခုပဲရှိပြီး ပေစုတ်စုတ် တိုက်ခန်းတစ်ခုမှာနေထိုင်နေသည်။ ထိုလူ မည်သို့သေဆုံးသွားသည်ဆိုတာလည်း မသိရ။

သုံးရက်အတွင်းမှာ ဖြစ်သလိုစားသောက်ရင်း ဝမ်ရိပေါ်က အဆင်ပြေသလို နေထိုင်ခဲ့ရသည်။ဒီကမ္ဘာက ဘယ်လိုမျိုးလည်းဆိုတာ ဝမ်ရိပေါ်က သေချာမသိတာမို့ အပြင်လည်းမထွက်ရဲခဲ့ပါဘူး။

နိုင်ငံသားမှတ်ပုံတင်နဲ့ ဖုန်းထဲမှာ တွေ့ရှိခဲ့သမျှကတော့ အရင်ဝမ်ရိပေါ်ဟာ အသက်22နှစ်ရှိပြီး လူလွတ်တစ်ယောက်ဖြစ်သည်။
XSဆိုတဲ့ ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်လည်းဖြစ်ပြီး လှပတဲ့ကောင်လေးတစ်ယောက်ဖြစ်သည်။

ဖုန်းထဲမှာတွေ့ရှိခဲ့တဲ့ပုံတွေအရ အရင်ဝမ်ရိပေါ်က သူ့ကိုယ်သူလှမှန်းမသိဘဲ တအားလူငယ်ဆန်ချင်ပြီး ကောင်းကောင်းမွန်မွန်မနေထိုင်တတ်ခဲ့။အစားအသောက်ကိုလည်း ပြီးစလွယ်စားသောက်တတ်ပုံရပြီး ချက်ပြုတ်တတ်ပုံမပေါ်။

အဝတ်အစားကိုလည်း တွေ့ရာကောက်စွပ်ပြီး အပြင်ထွက်တတ်သေးကာ ဘာပြင်ဆင်မှုမှမရှိ။

ထူးခြားသည့် အချက်တစ်ချက်က ဝမ်ရိပေါ်မှာ လှပတဲ့ဆံပင်ရွှေရောင်တွေရှိသည်။ထိုတစ်ချက်ကိုတော့ ကောင်းကောင်းထိန်းသိမ်းသည်ထင်ပါသည်။

ဝမ်ရိပေါ်ဟာ အလုပ်သွားလျှင် တွေ့ရာကောက်စွပ်ပြီး အလုပ်ကိုလာတတ်သည်။သို့ပေမဲ့ ဒီနေ့တော့ တမူထူးခြားစွာဖြင့် ဝမ်ရိပေါ်ဟာ ဆွယ်တာအနီရဲရဲလေးနဲ့ အဖြူရောင်ဘောင်းဘီအရှည်လေးကို ဝတ်ဆင်ထားသည်မို့ အားလုံးထဲမှာ ပိုပေါ်လွင်နေခဲ့သည်။

Survival and deathWhere stories live. Discover now