အပိုင်း(၁၈)

1.1K 155 18
                                    

U/Z

"ဝမ်ရိပေါ်က..ရှယ်ယာဝယ်တယ်?!"

အတွင်းရေးမှုးချန်းက ရှောင်းကျန့်ရဲ့အော်သံကြောင့်လန့်သွားပြီးဘာပြန်ပြောရမလည်းမသိခဲ့ပါဘူး။ထို့ကြောင့်တိတ်ဆိတ်စွာနေလိုက်ဖို့ကိုပဲဆုံးဖြတ်လိုက်တော့တယ်။

"လီယမ်ဆိုတဲ့ကောင်!...အဲ့ကောင်ဘယ်ကိုခြေလှမ်းလှမ်းနေတာလည်းဆိုတာငါသိတယ်"

အခုချိန်မှာရှောင်းကျန့်ရဲ့ဒေါသတွေကပေါက်ကွဲတော့မဲ့မီးတောင်တစ်ခုလိုဖြစ်နေတာဘယ်သူမှမသိ။ဝမ်ရိပေါ်သာရှယ်ယာကိုလိုချင်ရင်ကုမ္ပဏီတွေအများကြီးရှိသည်။လီယမ်ကိုရွေးလိုက်သည်က ရှောင်းကျန့်အတွက်မခံမရပ်နိုင်ဖြစ်သွားစေသည်လေ။နှိမ်ပြီးပြောတာမဟုတ်ပေမဲ့ လီယမ္ထက္သူက အဆဆအရာရာသာနေခဲ့ပြီး အခုကျသူခြေတစ်လှမ်းနောက်ကျသွားခဲ့ရသည်။လုံးဝမကျေနပ်နိုင်ပါ။

"LPကိုဆက်စောင့်ကြည့်ထား...အဲ့ကောင်ဘယ်သွားတယ် ဘယ်သူနဲ့တွေ့တယ်ဆိုတာကအစ လူလွှတ်ပြီးစုံစမ်းထား ငါအကုန်သိချင်တယ်"

"ဟုတ်ကဲ့ပါCEO"

ရှောင်းကျန့်ကကွန်ပျူတာကိုပိတ်လိုက်ပြီး တစ်စုံတစ်ခုကိုအလေးနက်စဉ်းစားနေခဲ့သည်။သူနှစ်အတော်ကြာLPကရမဲ့ပရောဂျက်တွေကို လုယူခဲ့ပေမဲ့ LPကမပြိုလဲသွားဘူး။လီယမ်က သူတို့မသိတဲ့နောက်ကွယ်မှာတစ်စုံတစ်ခုကို လုပ်ကိုင်နေတယ်ဆိုတာ ရှောင်းကျန့်သတိထားမိနေတာကြာပြီ။ဒါပေမဲ့ဘာလည်းဆိုတာ စုံစမ်းလို့မရတဲ့အထိ ထိုကောင်ကသိုသိပ်လွန်းပြန်သည်။

တီ တီ တီ

ရှောင်းကျန့်ရဲ့အတွေးတွေပျက်သွားရပြီး ဖုန်းစခရင်ကိုကြည့်လိုက်တော့ ခေါ်ဆိုသူမှာ အမည်မသိသူဖြစ်နေခဲ့သည်။ရှောင်းကျန့်ကပုံမှန်ဆိုဖုန်းစိမ်းကိုင်လိမ့်မရှိပေမဲ့ အခုတော့ ဘာမှန်းသိချင်တာကြောင့် ကိုင်ဖို့တွေးလိုက်သည်။

"hello"

"ရှောင်း...ငါပြန်ရောက်လာပြီ"

"ဟန်ရှစ်ကျူး?"

_________________

ဝမ်ရိပေါ်ရဲ့တစ်နေ့တာကအလွန်ရိုးရှင်းလေတယ်။အလုပ်လုပ်မယ်။အိပ်မယ်။စားမယ်။ဒါပါပဲ။
ဝမ်ရိပေါ်အတွက် အပူပင်ဆိုတာမရှိဘူး။ရှောင်းကျန့်ကတော့ ခြွင်းချက်ပေါ့။

Survival and deathWhere stories live. Discover now