အေးချမ်းသော ဘဝလေး...

1.6K 168 3
                                    

[Author_Rose Maung]

အေးချမ်းသော ဘဝလေး(1)

U/Z

CEOဦးဆောင်ပြီးကျင်းပပေးတဲ့ ညစာစားပွဲလေးက ပျော်ရွှင်စွာနဲ့ပြီးဆုံးသွားခဲ့ပါသည်။ဝန်ထမ်းအကုန်လုံးက Taxiစီးပြီးပြန်သွားကြပေမဲ့ ဝမ်ရိပေါ်တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။ပြဿနာကေတာ့ Taxiခက ဈေးကြီးလို့ပါပဲ။

ဝမ်ရိပေါ်အခုရောက်နေတဲ့နေရာကနေ အိမ်ကိုပြန်မည်ဆိုလျှင် ကြေးပြား၂၅ပြားကုန်မှာဆိုပေမဲ့ taxiမောင်းတဲ့လူတွေက ကြေးပြား၃၀တောင် တောင်းကြသည်။သူတစ်လမှ ရှစ်ရာပဲရတာ သုံးရာက အိမ်လခပေးရတယ်။ကျန်တဲ့ငါးရာက တစ်လလုံးသုံးဖို့ချန်ရအုံးမည်။အခုကတည်းက ငွေကိုချွေတာရမှာမို့ busစီးပြီး ပြန်တော့ဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။

"အိမ်မပြန်သေးဘူးလား...ဝမ်ရိပေါ်"

"CEO...."

"ကိုယ်ကားနဲ့လိုက်ပို့ပေး"

"C E O~~~~~"

SEANနဲ့စကားပြောနေချိန်မှာ အနောက်ကနေ ဘယ်ချောင်က ထွက်လာမှန်းမသိတဲ့ ကောင်မလေးက SEANလက်မောင်းကိုခိုတွဲထားရင်း အတင်းခေါင်းမှီထားသည်။သေချာကြည့်လိုက်မိတော့ ထိုကောင်မလေးက ဝမ်ရိပေါ်ကိုရွဲ့စောင်းပြီးပြောဆိုနေခဲ့တဲ့ ကောင်မလေးဖြစ်နေသည်။

"CEO...ကားငှါးမရလို့ တစ်ယောက်ထဲလည်းမပြန်ရဲဘူး CEOလိုက်ပို့ပေးလို့ ရမလားဟင်"

"ကိုယ့်ဘာကိုယ် ပြန်လိုက်ပါ ယွီစု အရမ်းလည်းမမှောင်သေးပါဘူး"

SEANက ယွီစုကို 2ပေလောက်ခြားသွားအောင် တွန်းထုတ်လိုက်သည်။
ယြီစုက ဆူပုတ်ပုတ်မျက်နှာပေးလေးဖြင့် ချစ်စရာကောင်းအောင်လုပ်နေပြီး SEANရဲ့လက်ကို ပြန်ဆုပ်ကိုင်လာသည်။

"မရဘူး...CEOလိုက်ပို့ပေး စုစုက ခုနက သောက်ထားလို့မူးနေတာ တစ်ယောက်တည်းပြန်လို့မဖြစ်ဘူး"

SEANရဲ့စိတ်ပျက်နေတဲ့မျက်နှာဘေးရယ် ယွီစုရဲ့ ခေါင်းမာမှုတွေရယ်ကြောင့် ဝမ်ရိပေါ်က အနေရခက်လာပြီး ဒီနေရာကနေ ပျောက်ကွယ်သွားလိုက်ချင်သည်။

"CEO....ကျနော်လည်း ပြန်လိုက်ပါအုံးမယ်"

ဝမ်ရိပေါ်က ထိုနေရာကနေ ခြေထောက်တိုတိုလေးတွေနဲ့ မြန်မြန်ပြေးလာခဲ့ပြီး ရှောင်းကျန့်ရဲ့အသံကို မကြားချင်ယောင်ဆောင်နေခဲ့သည်။ SEANဘေးနားမှာ နေရဲတဲ့ ယွီစုနဲ့SEANက တစ်ခုခုတော့ပတ်သက်နေမည်ဆိုတာ ဝမ်ရိပေါ်သတိထားလိုက်မိပါသည်။သို့ပေမဲ့ ဝမ်ရိပေါ်ဂရုမစိုက်ပါ။

Survival and deathWhere stories live. Discover now