အလုပ်ထွက်သွားသော ဝမ်ရိပေါ်

1.5K 174 8
                                    

[Author_ Rose Maung]

အလုပ်ထွက်သွားသော ဝမ်ရိပေါ်

U/Z

ဝမ်ရိပေါ်က သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းပြီး အလုပ်ထွက်စာ တင်လိုက်တော့သည်။ဝမ်ရိပေါ်ရဲ့ဘေးမှာ အမ ဖန်ယုက စိတ်မကောင်းစွာနဲ့ ထိုင်နေခဲ့သည်။ဖန်ယုက သူမမောင်လေးလိုချစ်ရတဲ့ ဝမ်ရိပေါ်ကို တကယ်ပဲ အလုပ်မထွက်စေချင်ခဲ့ပါဘူး။ဒါပေမဲ့ သူမက ဘာတတ်နိုင်မှာလည်း။

"မင်းတကယ်...အလုပ်ထွက်တော့မှာလား..ဝမ်ဝမ်"

"ကျနော်..ဒီထက်ပိုကောင်းတဲ့အလုပ်မျိုးကို...ရှာမှာပါ...ကျဲ ကျနော့်ကိုစိတ်မပူပါနဲ့"

ဝမ်ရိပေါ်က ဝမ်းနည်းနေတဲ့ ဖန်ယုကို သူအဆင်ပြေကြောင်း သေချာပြောနေခဲ့သည်။
ကူးပြောင်းလာတာမကြာသေးပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အမဖန်ယုကို ဝမ်ရိပေါ်က တကယ်ကိုခင်သည်။

ခေါင်းဆောင်ဝူယီက ဝမ်ရိပေါ်ရဲ့အထုတ်တွေကို ကူးသိမ်းပေးပြီး ကားပေါ်တင်ပေးသည်။

"ဝမ်ရိပေါ်...ကိုယ်မင်းအတွက် အလုပ်အသစ်ရှာပေးထားတယ်...နည်းနည်းတော့ပင်ပန်းပေမဲ့...လစာများတယ်"

"ကျေးဇူးပါ...ခေါင်းဆောင်ဝူ...ကျနော်ကြည့်ကြည့်လိုက်ပါ့မယ်"

ဝမ်ရိပေါ်နဲ့ ဝူယီက အချိန်အနည်းငယ်ကြာတဲ့အထိ စကားရပ်ပြောနေခဲ့သည်။

ဝမ်ရိပေါ်ကထွက်သွားပြီး ဝူယီကလည်း ကုမ္ပဏီထဲပြန်ဝင်သွားသည်။ရှောင်းကျန့်က အပေါ်ထပ်ကနေ ဝမ်ရိပေါ်စီးသွားတဲ့ ကားလေး မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ ရပ်ကြည့်နေခဲ့သည်။

"သူထွက်သွားပြီ"

အတွင်းရေးမှုးချန်းက ရှောင်းကျန့်ကို နားမလည်နိုင်ခဲ့ပေမဲ့ ဘာမွမေမးခဲ့ဘူး။
CEOရဲ့သဘောက အရေးကြီးဆုံးဖြစ်ပြီး အပြစ်ရှိတာမရှိတာတွေက သိပ်အရေးမပါခဲ့ပါဘူး။

အတွင်းရေးမှုးချန်းက ဝမ်ရိပေါ်ရဲ့ အလုပ်ထွက်စာကို ရှောင်းကျန့်ကိုပေးလိုက်ပြီး ရုံးခန်းထဲက ထွက်သွားတော့သည်။

ရှောင်းကျန့်က ဟာတာတာဖြစ်နေတဲ့ ရင်ဘတ်ကို ဖိထားလိုက်ပြီး အပြင်ကိုငေးကြည့်နေခဲ့သည်။ရှောင်းကျန့်ဘာတွေတွေးနေခဲ့သည်ဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ပါဘူး။

Survival and deathKde žijí příběhy. Začni objevovat