ဖူးစာကြိုးနီ

1.5K 183 12
                                    

[Author_ Rose Maung]

ဖူးစာကြိုးနီ

U/Z

အစိမ်းရောင်ဘူးလေးကိုကြည့်နေရင်း ရှောင်းကျန့်က ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။သူက မသိပဲနဲ့ ဝမ်ရိပေါ်ရဲ့ ဘူးကိုယူစားလိုက်မိသည်။

ရှောင်းကျန့်က အကြံတစ်ခုပေါ်သွားခဲ့ပြီး အတွင်းရေးမှုးချန်းကို ခေါ်လိုက်သည်။

"အတွင်းရေးမှုးချန်း...ဒီလိုပုံစံ ထမင်းဘူးကို ဘယ်နေရာကနေပဲဖြစ်ဖြစ် ဘယ်လောက်ကုန်ကုန် အခုလိုချင်တယ်"

"ကောင်းပါပြီCEO"

အတွင်းရေးမှုးချန်းက ရှောင်းကျန့်စကားဆို အထွန့်မတက် တစ်သွေမတိမ်းလုပ်ပေးသည်။ထို့ကြောင့် ရှောင်းကျန့်ရဲ့အနီးကပ်ဆုံးလူဖြစ်နေခဲ့သည်။

အချိန်အနည်းငယ်ကြာသွားပြီး အတွင်းရေးမှုးချန်းက ရှောင်းကျန့်ဆီကို ဘူးလေးတစ်ဘူး ယူလာပေးခဲ့သည်။ ဝမ်ရိပေါ်ရဲ့ ဘူးနေရာမှာ ထိုဘူးကိုအစားထိုးလိုက်တော့မှ ရှောင်းကျန့်က စိတ်သက်သာရာရသွားသည်။

ဝမ်ရိပေါ်က စိတ်ကိုအလုပ်ထဲမှာပဲနှစ်ထားလိုက်သောကြောင့် အိမ်ကယူလာတဲ့ဘူးကို ယူဖို့မေ့နေခဲ့ပြီး ထမင်းစားချိန်ကုန်ဖို့ ဆယ်မိနစ်အလိုမှ သတိရတော့သည်။ဘူးကိုသွားယူပြီး စားဖို့ဖွင့်ကြည့်လိုက်တော့ အိမ်ကယူလာတဲ့ဘူးနဲ့ မတူတာကို ချက်ချင်းသတိထားမိသွားသည်။

ဝမ်ရိပေါ်ယူလာတဲ့ထဲမှာ အချည်ရည်တွေမပါပေမဲ့ အခုဘူးထဲမှာတော့ ဝက်အူချောင်းပေါ်မှာ အချည်ရည်တွေပါနေခဲ့သည်။ ဝမ်ရိပေါ်က အနည်းငယ်ကြောင်အသွားပြီးမှ ဘာမှမစဉ်စားတော့ပဲ စားလိုက်တော့သည်။အရသာက အရမ်းချိုနေပြီး ဆီးချိုဖြစ်မှာတောင် စိုးရိမ်ရသည်။

ဝမ်ရိပေါ်က ဆက်မစားတော့ဘဲ ဘူးကိုပိတ်လိုက်ပြီး တစ်ခုခုဝယ်ဖို့ အောက်ထပ်ကိုဆင်းသွားတော့သည်။

ရှောင်းကျန့်က ပန်းအိုးကိုကွယ်ပြီး ဝမ်ရိပေါ်ကို ချောင်းကြည့်နေခဲ့ရာ ဝမ်ရိပေါ်က အစားအစာကို မကြိုက်တာကြောင့် အပြစ်ရှိသလိုခံစားလိုက်ရသည်။ဝမ်ရိပေါ်အောက်ကိုဆင်းတော့ ရှောင်းကျန့်ကလည်း အောက်ကိုဆင်းလာခဲ့သည်။

Survival and deathWhere stories live. Discover now