ဝမ်ရိပေါ်ရဲ့ပုံကြမ်း

1.3K 167 11
                                    

[Author_Rose Maung]

ဝမ်ရိပေါ်ရဲ့ပုံကြမ်း

U/Z

"ဘယ်သူက...ဖင်နူမှာလည်း"

"ဟင်....CEO!"

ဝမ်ရိပေါ်က CEOဆိုတဲ့လူကို လှည့်မကြည့်ရဲပါဘူး။
တစ်ခါမှမလာဖူးတဲ့CEOဆိုတဲ့လူက KZကိုရောက်ချလာတယ်။ပိုဆိုးတာက သူအတင်းတုပ်တဲ့စကားပါ ကြားသွားသေးတယ်။

"CEO...ကုမ္ပဏီကို ရောက်လာတာထူးဆန်းလိုက်တာ"

CEOရောက်လာမှုကြောင့် အကြီးအကဲတွေက အလုပ်ရှုပ်သွားပြီး ပြာယာခက်သွားရသည်။ဝမ်ရိပေါ်က မသိမသာ CEOကို မော့ကြည့်လိုက်သည်။

'WTF...KZရဲ့CEOက ရှောင်းကျန့်တဲ့?'

"ငါသာရောက်မလာရင်...ကုမ္ပဏီမှာအကျင့်ပျက်ခြစားမှုတွေကို ဘယ်လိုလုပ်သိတော့မှာလည်း"

ရှောင်းကျန့်ရဲ့ စကားကြောင့် အချို့ခေါင်းဆောင်တွေရဲ့ မျက်နှာပျက်ယွင်းသွားပြီး အတင်းဟန်လုပ်ပြုံးထားကြရသည်။သူတို့က ရှောင်းကျန့်မရှိတဲ့အတောအတွင်း ကုမ္ပဏီကို စိတ်ကြိုက်ခြယ်လှယ်ခဲ့ကြပြီး ရှောင်ကျန့်ပြန်ရောက်လာချိန်မှာတော့ သူတို့လုပ်ချင်တိုင်း လုပ်လို့မရတော့ပေ။

"ဟုတ်ပါတယ်...CEO ကျနော်တို့ ရုံးခန်းကိုအရင်သွားကြရအောင်"

မန်နေဂျာလင်းရဲ့ စကားကို ရှောင်းကျန့်က ဟန့်တားလိုက်ပြီး ခေါင်းငုံထားဆဲဖြစ်တဲ့ ဝမ်ရိပေါ်ကို ကြည့်လိုက်သည်။

"ဝမ်ရိပေါ်...နောက်ဆိုသတိထားပါ"

ရှောင်းကျန့်ပြောချင်တဲ့အဓိပ္ပါယ်က လမ်းသွားလမ်းလာဂရုစိုက်ဖို့ပြောချင်တာဖြစ်ပြီး ဘေးလူတွေအနေနဲ့ကတော့ သူတို့CEOက ဝမ်ရိပေါ်ကို warningပေးသွားသည်ဟု ထင်နေကြသည်။

ဝမ်ရိပေါ်ရဲ့အတွေးတွေကတော့ အတိတ်ကိုရောက်ရှိနေပြီး ပစ္စုပန်ကအခြေနေတွေကို သတိမထားမိပါ။အနည်းဆုံးတော့ ဝမ်ရိပေါ်က လစာမ်ားမ်ားရတဲ့ ဒီအလုပ္ကေန ထွက်ဖို့မစဉ်းစားချင်ခဲ့ပါဘူး။သူ့မှာအလုပ်သစ်ရှာဖို့လည်း အဆင်မပြေသလို အချိန်လည်းမရှိဘူး။မကြာခင်မှာ ပေးချေရတော့မဲ့ ငွေတွေအတွက် ဒီအလုပ်ကိုသူလိုအပ်သည်လေ။ဒါပေမဲ့ သူရှောင်းကျန့်နဲ့ထပ်မပတ်သက်ချင်တော့ပါ။

Survival and deathWhere stories live. Discover now