ကျနော်ခင်ဗျားကို နောက်ထပ်ရွေးချယ်ပါရစေ

1.3K 140 10
                                    

ကျနော်ခင်ဗျားကို နောက်ထပ်ရွေးချယ်ပါရစေ

U/Z

"မေက်နပ္ဘူး...လုံးဝမကျေနပ်နိုင်ဘူး!!"

ဟန်ရှစ်ကျူးရဲ့အော်သံဟာ ကျယ်လောင်စွာထွက်ပေါ်သွားခဲ့ပြီး ရှောင်းကျန့်ကတောင် မတားဆီးနိုင်တော့ဘူး။ဝမ်ရိပေါ်ရဲ့ရုတ်တရက်အပြုမူက အကုန်လုံးကိုအံ့သြသွားစေပြီး ဘယ်သူကမှမထင်ထားခဲ့ကြတဲ့အရာဖြစ်နေတယ်လေ။အရမ်းစိတ်တိုနေတဲ့ဟန်ရှစ်ကျူးကို ရှောင်းကျန့်မတားဆီးနိုင်ပေမဲ့ ဝမ်ရိပေါ်ကိုပြန်ပြီးထိခိုက်အောင်လုပ်မှာကိုတော့ လုံးဝခွင့်မပြုနိုင်ပါ။ဘက်လိုက်တယ်ပဲဆိုဆို ဝမ်ရိပေါ်ကမှားနေရင်တောင် သူကပြုံးပြုံးကြီးလက်ခံပေးမှာဖြစ်သည်။

"ရှောင်း...ကျူးဒီကိစ္စကိုလုံးဝမကျေနပ်နိုင်ဘူးနော်..."

ဟန်ရှစ်ကျူးက ဝမ်ရိပေါ်ကိုလုံးဝမကျေနပ်နိုင်ပါဘူး။သရုပ်ဆောင်တစ်ယောက်အတွက် မျက်နှာကအလွန်အရေးကြီးသည်လေ။သူတန်ဖိုးထားရတဲ့မျက်နှာကို လုံးဝအထိခိုက်မခံပေမဲ့ အခုဝမ်ရိပေါ်လုပ်ရက်ကဘာလဲ။သူ့မျက်နှာကိုရိုက်ခံရတာမဟုတ်ဘဲ ခေါင်းကိုရိုက်ခံရသည်ဆိုပေမဲ့ မျက်နှာကိုတော့ထိသွားခဲ့တဲ့အပြင် အကြောင်းပြချက်လည်းမရှိဘဲအရိုက်ခံလိုက်ရတာမို့ သူမကျေနပ်နိုင်ပါဘူး။

"ရှောင်း...ကြားလားလို့"

ရှောင်းကျန့်ကအလွန်တွေဝေသွားခဲ့ပြီး ဒီကိစ္စကိုဘယ်လိုရှင်းရမလည်းဆိုတာ စဉ်းစားမရခဲ့ဘူး။ဒါကြောင့် ဟန်ရှစ်ကျူးအတွက် ဘာတုံ့ပြန်မှုမှလည်း မပေးနိုင်ခဲ့တာဖြစ်တယ်။

"ရှောင်း...ဒီကိစ္စကိုမရှင်းပေးရင် ဝမ်ရိပေါ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့တိုင်ရလိမ့်မယ်"

ဟန်ရှစ်ကျူးရဲ့စကားကိုကြားတော့ ရှောင်းကျန့်ကမထိတ်လန့်သွားဘဲမနေနိုင်ခဲ့ဘူး။ဟန်ရှစ်ကျူးကတကယ်လုပ်နိုင်တဲ့လူမို့ သူကိုယ်တိုင်မရှင်းပေးပါက ဝမ်ရိပေါ်အတိုင်ခံရနိုင်သည်။အခုလက်ရှိသူစဉ်းစားမိတာကတော့ ဝမ်ရိပေါ်အတွက်အသက်ညှာဆုံး အပြစ်ကအလုပ်ထုတ်ခံရတာပဲ။ဝမ်ရိပေါ်မှာ ကိုယ်ပိုင်အစွမ်းဆရှိတာမို့ ဒီအလုပ်ကအထုတ်ခံရရင် နောက်အလုပ်တစ်ခုကိုပြန်ရှာနိုင်သည်။

Survival and deathWhere stories live. Discover now