အပိုင်း(၁၆)ဝမ်ရိပေါ်ရဲ့ စုငွေများ-1

1.1K 155 8
                                    


U/Z

ဝမ်ရိပေါ်က အလုပ်ဝင်တာ လအနည်းငယ်ကြာခဲ့ပြီးလက်ထဲမှာလည်း ပိုက်ဆံတွေ တော်တော်များများစုမိနေခဲ့သည်။လအနည်းငယ်အတွင်း ရှောင်းကျန့်နဲ့လည်း ဆက်ဆံရေးကောင်းမွန်လာကာ ရည်းစားအဆင့်မဟုတ်တဲ့ အဆင့်သို့ရောက်နေကြပြီဖြစ်သည်။

စုမိထားတဲ့ငွေအများစုကို ရင်းနှီးမြုပ်နှံဖို့အတွက် ဝမ်ရိပေါ်က စဉ်းစားမိခဲ့တယ်။ကိုယ်ပိုင်အိမ်တစ်လုံးလောက် ဝယ်နိုင်ပြီး သက်သောင့်သက်သာ နေထိုင်ဖို့ အမြဲတွေးနေခဲ့တာဖြစ်တယ်။သူ့ဘဝမှာ ပူပန်စရာမရှိပေမဲ့ အသက်ကြီးလာပါက လုပ်ကိုင်ကျွေးမွေးမဲ့ သားသမီးလည်းမရှိသလို လက်တွဲဖော်လည်း မရှိတာကြောင့် ရှေ့ရေးကို ပူပန်နေရသည်။ဝမ်ရိပေါ်က အရင်ဘဝတုန်းကဆိုလျှင် ဝမ်အိမ်တော်ရဲ့သခင်လေးဖြစ်ခဲ့ပြီး မိသားစုဝင်တွေမရှိသော်ငြား လက်တွဲဖော်တော့ရှိခဲ့သေးသည်။အရင်ဘဝတုန်းကလို အခြေနေမျိုးနဲ့ဆိုလျှင် ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေနဲ့ အေးဆေးနေလို့ရပေမဲ့ အခုဘဝကျတော့ အရာအားလုံးဆန့်ကျင်ဘက် ဖြစ်နေခဲ့ပြီး အောက်ခြေကပြန်စခဲ့ရသည်။ပထမဆုံးအကြိမ် အချစ်မှာမိုက်ရူးရဲဆန်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တာကို ဝမ်ရိပေါ်က နောင်တရနေခဲ့သည်။

ဝမ်ရိပေါ်ရဲ့ဘဝက လက်ရှိမှာ အဆိုးဆုံးအခြေနေရောက်မနေတာကိုပဲ ဘုရားသခင်ကိုကျေးဇူးတင်ရတော့မည်။အိမ်လခအပါအဝင် တခြားပေးချေရမဲ့ ငွေတွေကို ပေးချေလိုက်တာတောင် လက်ထဲမှာ3ထောင်ကျော်လောက် ကျန်နေသေးသည်။ရှောင်းသခင်မကြီး ပေးထားတဲ့ငွေတွေကိုတော့ ဝမ်ရိပေါ်မသုံးရသေးပါ။ထိုငွေပမာဏ6သောင်းဆိုသည်မှာ အတော်အသင့်ကျယ်တဲ့ ခြံတစ်ကွက်လောက်ဝယ်လို့ရသေးသည်။ဒီဘက်ကမ္ဘာဟာ အိမ်ဈေးနှုန်းတွေမြင့်မားတာကြောင့် ကိုယ်ပိုင်အိမ်နဲ့နေနိုင်ဖို့ဆိုလျှင် အပင်ပန်းခံနိုင်မှရလိမ့်မည်။

ဒီနေ့ကတော့ ဝမ်ရိပေါ်ရဲ့ အလုပ်ပိတ်ရက်ဖြစ်ပေမဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ တွေ့ဖို့ချိန်းထားတာဖြစ်သည်။ရင်းနှီးမြုပ်နှံရမည့်ကိစ္စကို ဆွေးနွေးမှာဖြစ်ပြီး အဆင်ပြေရင် ငွေတွေသွင်းလိုက်ဖို့လည်း ဆန္ဒရှိနေခဲ့သည်။

Survival and deathWhere stories live. Discover now