CEOကြီးရဲ့crush

1.6K 177 6
                                    

[Author_Rose Maung]

CEOကြီးရဲ့crush(2)

U/Z

"ဝမ်ဝမ်....ကိုယ့်ကိုမမှတ်မိဘူးလား?"

ရှေ့က နိုင်ငံခြားသားရုပ်နဲ့ ဆင်တူတဲ့ထိုလူကို ဝမ်ရိပေါ်က အချိန်အတန်ကြာကြည့်နေမိသည်။ထိုလူကို သူလုံးဝမသိဘူး။ အရင်ဝမ်ရိပေါ်ရဲ့မှတ်ဉာဏ်တွေက သူ့ဆီမှာ ဘာတစ္ခုမွ မကျန်ခဲ့ဘူး။ အရင်ဝမ်ရိပေါ်နဲ့ ပတ်သတ်မှုရှိခဲ့ပုံရတဲ့ ရှေ့ကလူကို စိတ်ညစ်စွာနဲ့ကြည့်လိုက်မိသည်။

"ကိုယ်မင်းကို...လိုက်ရှာနေတာ...အိမ်လိပ်စာလည်းမရှိ...အလုပ်ကျတော့လည်း...ထြက္သြားတယ္ဆို...ဘယ်လိုဖြစ်တာလည်း ကိုယ့်ကိုပြောပါအုံး"

"အလုပ်က..အဆင်မပြေတာလေးရှိလို့ပါ"

လီယမ်က ဝမ်ရိပေါ်ရဲ့ အလုပ်နဲ့ပတ်သက်ပြီး အဆင်မပြေတဲ့ ပုံစံကြောင့် စကားလမ်းကြောင်းလွဲလိုက်တော့သည်။အလုပ်ကိစ္စနဲ့ပတ်သက်ပြီး နောက်မှ ရှောင်းကျန့်ကို ဘာတွေဖြစ်ခဲ့လည်းဆိုတာ မေးမြန်းတော့မည်။

"အခု...ဒီမှာအလုပ်လုပ်နေတာလား"

"ဟုတ်တယ်"

"ကိုယ့်ကုမ္ပဏီမှာ...မင်းအတွက်နေရာရှိတယ်...လစာလည်းများစေရမယ်...အရာအားလုံး...မင်းစိတ်ကြိုက်ဖြစ်စေရမယ်...."

ဒုန်း!

ဝမ်ရိပေါ်က တွေးတောနေရင်း တံခါးက ဆောင့်ကန်ခံလိုက်ရသည်။အရပ်ရှည်ရှည်နဲ့ ရှောင်းကျန့်က ဝင်လာခဲ့ပြီး ဝမ်ရိပေါ်ရဲ့ လက်ကောက်ဝတ်ကို ကောက်ကိုင်လိုက်ကာ သူ့ဘက်ကိုဆွဲလိုက်သည်။

ဝမ်ရိပေါ်က အခြေနေအရပ်ရပ်ကို ဘာမှနားမလည်နိုင်ပဲ ရှောင်းကျန့်ဘေးကို ရောက်သွားသည်။

အဖေတူအမေကွဲညီဖြစ်သူ လီယမ္က နိုင်ငံခြားက ပြန်ရောက်ရောက်ချင်း ဝမ်ရိပေါ်ဆီ ထွက်သွားတဲ့ သတင်းကို သိလိုက်ရတာမို့ ရှောင်းကျန့်က ချက်ခြင်းလိုက်လာခဲ့ခြင်းဖြစ်သည်။

"ဝမ်ရိပေါ်က...ငါ့ကုမ္ပဏီမှာ အလုပ်ပြန်လာလုပ်မှာ မင်းဝင်ပါစရာမလိုဘူး!"

ရှောင်းကျန့်ရဲ့စကားကိုကြားတော့ ဝမ်ရိပေါ်က ရယ်ချင်သွားသည်။ဘယ်သူက သူ့ကို အလုပ်ထွက်ဖို့ ပြောခဲ့တာလဲ။ceoကိုယ်တိုင်ပြောခဲ့တာ မဟုတ်ဘူးလား။သူကရူးနေလို့ ထိုစိတ်ပျက်ဖို့ကောင်းတဲ့နေရာမှာ အလုပ်ပြန်လုပ်ရမှာလား

Survival and deathWhere stories live. Discover now