ဝမ်ရိပေါ်ရဲ့ကောင်းမွန်သောအလုပ်အသစ်

1.2K 140 4
                                    

[Author_Rose Maung]

ဝမ်ရိပေါ်ရဲ့ကောင်းမွန်သောအလုပ်အသစ်(1)

U/Z

မနေ့ညကထူးဆန်းစွာနဲ့ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရသွားတဲ့ ဝမ်ရိပေါ်က အ့ံသြလွန်းလို့ အိပ်လို့တောင်မပျော်ခဲ့ဘူး။ဝမ်ရိပေါ်က ဒီကိစ္စကို အိမ်မက်ဖြစ်မနေဖို့ပဲ ဆုတောင်းနေရတယ်။

ဝမ်ရိပေါ်က အိပ်လို့မရခဲ့တာမို့ တခြားလုပ်ဖော်ကိုင်ဖက်တွေအတွက် ပူတင်းတွေစားလို့ရအောင် တစ်ညလုံး ပူတင်းလုပ်နေခဲ့ရသည်။အလုပ်အသစ်ကို ရင်ခုန်စိတ်လှုပ်ရှားမိသလို ဘယ်လိုကြုံတွေ့ရအုံးမလည်းဆိုတာလည်း သိချင်နေမိသည်။ ပူတင်းလုပ်ရင်းနဲ့ ဝမ်ရိပေါ်က သူကိုယ်တိုင်လုပ်ပေးထားတဲ့ပူတင်းကို အရမ်းကြိုက်တဲ့လူတစ်ယောက်အကြောင်း တွေးမိခဲ့သေးသည်။အခုတော့ အရာအားလုံးပြီးဆုံးသွားခဲ့ပါပြီ။ထပ်ပတ်သက်စရာ ဘာအကြောင်းမှမရှိတော့သလို တွေ့ခွင့်လည်းမရှိတော့ပါဘူး။

သေဘာက်ပါတယ္ဆိုတဲ့ ထိုလူက သူ့ဆီတစ်ခေါက်မှ လာတွေ့ခဲ့ခြင်းမရှိသည့်တိုင် သူ့ရဲ့မသိစိတ်က စောင့်မျှော်နေမိသေးတာ။ ထိုအမျိုးသား ဘယ်လောက်ပဲရက်စက်ခဲ့ပါစေ ဝမ်ရိပေါ်ကတော့ မမေ့နိုင်သေးပါဘူး။အတိတ်တွေကို ဖက်တွယ်ထားခဲ့မိတာကြောင့် ထိုအမျိုးသားကို ငြင်းဆန်ခဲ့ပေမဲ့ အတူပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကိုတော့ ပြန်တွေးရင်း ကြည်နူးမိပြန်တယ်။

ဝမ်ရိပေါ်ဟာ ချစ်နေဆဲဆိုပေမဲ့ အရင် ရှေ့တစ်လှမ်းမတိုးချင်ခဲ့ပါဘူး။ ရှောင်းကျန့်ကိုယ်တိုင်က ရပ်မြဲအတိုင်းရပ်နေမှတော့ သူလည်း ရှေ့ဆက်စရာ ဘာကြောင်းမှမရှိဘူး။ဝမ်ရိပေါ်ကထိုကိစ္စတွေကို မေ့ထားလိုက်ပြီး ပျော်ရွှင်စွာနဲ့ KZကုမ္ပဏီထဲကို ဝင်သွားလိုက်သည်။

KZကုမ္ပဏီက ကြီးမားပေမဲ့ အလုပ်သမားနည်းသည်။အလုပ်သမားတွေအတွက် အခွင့်အရေးများပြီး လစာလည်းများတာကြောင့် လူတိုင်းလိုချင်တဲ့အလုပ်တစ်ခု ဖြစ်နေခဲ့သည်။

ပထမဆုံးဝမ်ရိပေါ်ကို ခေါင်းဆောင်အမက လာခေါ်သည်။ထိုင်ရမဲ့နေရာကို ပြပေးပြီးတော့ အလုပ်သမားတွေနဲ့လည်း မိတ်ဆက်ပေးသည်။အကုန်လုံးက ဖော်ဖော်ရွေရွေရှိကြပြီး ဝမ်ရိပေါ်ရဲ့ ပူတင်းကိုလည်း စားကြသည်။

Survival and deathWhere stories live. Discover now