အပိုင်း (၈၀)

Start from the beginning
                                    

ဒါကိုကြားတော့ ပိုင်လီကလည်း...

"မြေကွက်တွေလည်း ထပ်မဝယ်ဘူးဆိုရင်လယ်ကွက်ကိုပိုဝယ်လိုက်တာက ကောင်းမယ်ထင်တယ် တစ်ရာကနည်းလွန်းသေးသလိုပဲ ဒီလိုလုပ်လေ အမေတို့ကအကုန်လုံးငါးရာဖြစ်အောင်ဝယ်လိုက် ကျွန်တော်လည်းငါးရာဝယ်လိုက်မယ် "

ပိုင်မိသားစုသည် ​လယ်ကွက်ရာဂဏန်းချီဝယ်ယူမှုအား စျေးပေါသည့် အသီးရွက်များဝယ်နေသလို ပေါ့ပေါ့ပါးပါးပြောနေသည့် ပိုင်လီကို မကြည့်ဘဲမနေနိုင်ခဲ့ကျပေ။ ရွာထဲကတခြားလူတွေသာ သူတို့ရဲ့စကားဝိုင်းကိုကြားရင် မနာလိုဖြစ်ပြီးရူးသွားကျမှာကိုတောင် ကြောက်ရပါတယ်။

ပိုင်မိသားစုက ပိုင်လီပြောလွန်းမကပြော၍သာ လယ်ကွက်ငါးရာနီးပါး ဝယ်ယူမယ့်ကိစ္စကို အင်တင်တင်နှင့် သဘောတူခဲ့ရသော်လည်း သူတို့ကဒီလောက်အများကြီးအား မနိုင်မှာနှင့် ရောင်းမထွက်နိုင်မှာကို စိုးရိမ်နေခဲ့ကျပါသေးသည်။

လယ်ကွက်နှင့်​ မြေကွက်ဝယ်ဖို့ ဆွေးနွေးပြီးနောက်တွင် ပိုင်လီက ပိုင်မိသားစုအား လှည်းနှင့်ကျွဲအသစ်ဝယ်ဖို့ တိုက်တွန်းခဲ့ကာ...

"ကျွန်တော်တို့က လယ်ကွက်နဲ့မြေကွက်တွေ အများကြီးဖြစ်လာတော့မှာဆိုတော့ ကျွဲတွေအများကြီးလိုလာမှာလေ ဒီလောက်များတဲ့ လယ်လုပ်ငန်းတွေကို  တစ်ကောင်နှစ်ကောင်နဲ့ အလှည့်ကျလုပ်နေလို့မှ မရတာ ဒါကြောင့် လှည်းအနည်းငယ်နဲ့ ကျွဲတွေထပ်ဝယ်ဖို့လိုလိမ့်မယ်”

ဒါကိုကြားတော့ ပိုင်အဖေက အစောပိုင်းမှာ ပိုင်လီပြောခဲ့သည့် ကျန်းအိမ်ကို လှည်းရောင်းလိုက်ရင်ရောဆိုသည့် စကားကို ပြန်အမှတ်ရသွားခဲ့လေသည်။

"မင်း လောင်ကျန်းကို လှည်းရောင်းတာဒါကြောင့်လား"

ပိုင်လီက ခေါင်းငြိမ့်လိုက်ပြီး...

"အမှန်ပဲ ဒီရက်ပိုင်းမှာ ဦးလေးကျန်းတို့မိသားစုက အများကြီးကူညီပေးခဲ့တာလေ ဒါပေမယ့် သူတို့က ငွေကူညီရင်လက်ခံမှာမဟုတ်ဘူး အဲတာကြောင့် ကျွန်တော်တို့က လှည်းအသစ်တွေဝယ်မှာကြောင့် လှည်းအဟောင်းကို စျေးချိုချိုပြန်ရောင်းပေးလိုက်ရင် နှစ်ဖက်အဆင်ပြေမယ့်နည်းပဲမဟုတ်လား"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now