အပိုင်း (၂၆၅) တစ်ခန်းအတူတူ

Start from the beginning
                                    

ရွှယ်ယောင်ယောင်သည် အကင်းပါးသောမိန်းကလေး တစ်ယောက်ဖြစ်သည်။ သူမ၏မျက်လုံးများကို ကလယ်ကလယ်လေးလုပ်ကာ အတွင်းရေးမှူးလျန်ကို ပြောလိုက်လေသည်။

“ ကျွန်မ အမှောင်ကြောက်တယ်၊ ကျွန်မအခန်းကို မင်းသားလေးကျို့နဲ့အတူ သုံးလို့ရမလားဟင်၊ ကျွန်မတို့ နှစ်ယောက်ကလဲ ရင်းနှီးနေတော့ ကျွန်မ မင်းသားလေးကျို့ကိုလဲ ယုံတယ်”

ဒါက ရုတ်တရက် တောင်းဆိုချက်တစ်ခုဖြစ်ရာ အားလုံးသည် သူတို့၏ ခရီးဆောင်အိပ်များကို ပစ်ချလိုက်ပြီး သူမကို အထိတ်တလန့် ကြည့်နေကြတော့၏။

ညီမလေး ယောင်ယောင် Spade လေး အခန်းတူတူ သုံးချင်တာတဲ့လား။

ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် တစ်ခန်းထဲမှာလား။

အရမ်း ပွင့်လင်းတာပဲနော်။

သော့ကိုင်ထားသော ချင်မော့၏ ဘယ်ဖက်လက်ပင် သူမ၏စကားလုံးများကြောင့် အနည်းငယ် တုံ့ဆိုင်းသွားတော့သည်။ သူသည် မပျော်ရွှင်တော့ဟန်ဖြင့် သူ့မျက်ခုံးများကို ပင့်တင်ထားလိုက်လေ၏။

ဖုန်းရှန်သည် အရင်ကထက် စကားပို ထစ်သွားတော့သည်။

“ ဘာ-ဘာ- ဘာပြောလိုက်တယ်၊ နင်-နင်- နင် က ငါ့အိုင်ဒေါနဲ့ တစ်ခန်းထဲ အတူတူသုံးချင်တယ် ဟုတ်လား”

လင်ဖုန်းသည် ရွှတ်နောက်နောက် ပြုံးကာ ပြောလိုက်၏။

“ ဟုတ်လိုက်လေ ညီမလေး ယောင်ယောင်ရယ်၊ မဆိုးဘူးဟ၊ ဒီလိုနဲ့ Spadeလေးက နင့်လူဖြစ်လာတော့မှာပဲ၊ သူ့ကို နင့်စိတ်ကြိုက်သာလုပ်နော် ၊ သူ့ကို အတင်းနမ်းတာမျိုးလဲ ရတယ်”

ရွှယ်ယောင်ယောင်၏မျက်နှာသည် ထိုသို့ စ,ခံလိုက်ရသဖြင့် ပန်းသီးလေးတစ်လုံးလို နီရဲသွားသော်လည်း သူမသည် ထိုအခြေအနေကို နောက်မဆုတ်ချေ။ သူမသည် မည်သို့ပြန်ပြောရမည်မသိ ဖြစ်သွားသည်။

ဖူကျို့သည် လက်တစ်ဖက်က သူမ၏အိတ်ကပ်ထဲထည့်ကာ လျှောက်လာပြီး ကျန်တစ်ဖက်က ရွှယ်ယောင်ယောင်၏ ပခုံးပေါ်တင်ပြီး ပြုံးကာ ပြောလိုက်၏။

“ တော်တော့၊ ညီမလေး ယောင်ယောင်က ရည်းစားတစ်ယောက်ရဖို့ လိုပါသေးတယ်၊ ဒါပေမဲ့ သူမ အမှောင်ကို ကြောက်တာတော့ အမှန်ပဲ,,,”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now