အပိုင်း (၂၆၃) ငါတို့ရဲ့အိပ်မက်

Start from the beginning
                                    

သုံးရက်တာ လေ့ကျင့်ရေးတစ်ခုနှင့် အရှေ့ခြမ်းရှိ နိုင်ငံများနှင့် မိတ်ဖြစ် ပြိုင်ပွဲတစ်ခု

နောက်အပိုင်းသည် အရေးအကြီးဆုံးဖြစ်သည်။

ဖုန်းရီ ပြောချက်အရဆိုလျှင် တစ်ဖက်အသင်းသည် အလွန် အားကောင်းလေသည်။ ပြီးခဲ့သည့်နှစ် လေ့ကျင့်ရေးကာလအတွင်း သူတို့သည် Supremeအသင်းကို လုံးဝ ထိန်းချုပ်နိုင်ခဲ့သည်။

ထို့အပြင် ဒီနှစ်တွင် သူတို့သည် အတော်ဆုံးကစားသမား အသစ်တစ်ယောက်ကို ခေါ်ယူခဲ့သည်။ တိုကျိုအမျိုးသား ဆာဗာပေါ်တွင် သူတို့ရရှိခဲ့သော FC အရေအတွက်မှာ တော်တော်အံ့ဩစရာကောင်းသည်။

Supremeအသင်းက ယခုအချိန်တွင် သူတို့ကို အနိုင်မရခဲ့လျှင် Supremeအသင်းသည် နိုင်ငံအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းမပြည့်မီချေ။

ဆိုလိုသည်မှာ ဒါသည် အရည်အချင်းစစ် ပြိုင်ပွဲတစ်ခု ဖြစ်လေသည်။

သူတို့သာ နိုင်ခဲ့လျှင် Supremeအသင်းသည် အတောမသတ်နိုင်သော အားပေးမှုများနှင့် လက်ခုပ်သံများကို ကြိုဆိုရပေလိမ့်မည်။

သူတို့သာ နောက်တစ်ကြိမ် ထပ်ရှုံးခဲ့လျှင် ကြီးမြတ်လှသည့်သခင်လေးချင်၏ ဂုဏ်သတင်းကိုပင် ထိခိုက်သွားစေလိမ့်မည်။

အရေးအကြီးဆုံးမှာ ရွှယ်ယောင်ယောင် ဖြစ်စေ Spade Z ဖြစ်စေ ယခုအချိန်တွင် သူရဲကောင်းဂိမ်းကို သိသူသာလျှင် သူတို့အကြောင်းကို သိလိမ့်မည်။ သူ့တို့ပတ်ဝန်းကျင်က လူများက သည်ဂိမ်းကို သိရှိလာပြီး အသိအမှတ်ပြုလာစေပြီး သူတို့သည် ဆော့ကစားနေသည်မဟုတ်ပဲ အမှန်တကယ် လုပ်ဆောင်နေကြောင်းကို သက်သေပြရန် သူတို့သည် အနိုင်ရရန် လိုအပ်သည်။

ဒါသည် ရွှယ်ယောင်ယောင်၏ ပထမဆုံးအကြိမ် လေယာဥ်စီးခြင်း ဖြစ်သည်။ လေယာဥ် စ ပျံတက်ကတည်းက သူမသည် စိတ်လှုပ်ရှားနေသည်။ သူမ၏ ပြတင်းပေါက်ဘေး ထိုင်ခုံမှ နေ၍ အပြင်ဘက်က အဆုံးမရှိသော တိမ်များကို မြင်နေရသည်။

သူမသည် ဤတိုကျိုခရီးစဥ်ကို လိုက်ပါရန် မည်မျှပြစ်တင်ပြောဆို ခံခဲ့ရကြောင်းကို မည်သူ့ကိုမှ မပြောပြခဲ့ပေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now