အပိုင်း (၂၆၀) ဖူကျို့၏တုံ့ပြန်ချက်

Beginne am Anfang
                                    

သူမသည် လော့ဂ်အင် ဝင်ဝင်ချင်းမှာပဲ မရေမတွက်နိုင်သော မန်းရှင်းများ ထွက်ကျလာတော့သည်။

ဖူကျို့၏ဘက်ဖက်လက်သည် ကားပြတင်းပေါက်ပေါ်တင်ထားကာ ညာဖက်လက်ဖြင့် မန်းရှင်းထားသမျှကို ဖွင့်လိုက်၏။

“အားးး ဒီလို သွေးဆူစေတဲ့ မြင်ကွင်းလေးနဲ့ မနက်ခင်းလေး၊ ကြီးမြတ်လှတဲ့သခင်လေးချင်က  ဒါနဲ့ သူ့ရဲ့တွဲဖက်ကို ဝန်ခံလိုက်တာပဲ”

“ Spade Zကို ကျေးဇူးတင်လိုက်တာနော်၊ အနည်းဆုံးတော့ တစ်ရက်ထဲနဲ့ ငါ့အိုင်ဒေါလေးကို ဝေ့ပေါ်ပိုစ့်နှစ်ခု တင်အောင်လုပ်ပေးလိုက်လို့လေ”

“ ဒီအရာတွေအားလုံးကို Spade Z ရဲ့တုံ့ပြန်မှုကို ငါ သိချင်လိုက်တာဟယ်”

“ အခုဆိုရင်  Spade Zကတော့ ရှက်နေလောက်ပြီ၊ ကြီးမြတ်လှတဲ့သခင်လေးချင်က သူ့ကို ကောင်းကောင်း ကာကွယ်ပေးခဲ့တာလေ၊ ဒါပေမဲ့ ငါ သူ့ကို မန်းရှင်းပြီး သူသိအောင် လုပ်ပေးဖို့လိုသေးတယ်”

“တူတူပဲ @Spade Z ရေ”

“ Spadeလေးရေ နတ်ဘုရားကြီးက ခေါက်ဆွဲစားဖို့ နင့်ကို ခေါ်နေတယ်ဟေ့၊ တူတူပဲနော် မန်းရှင်းလိုက်ပြီ”

“ငါရောပဲနော် မန်းရှင်းပြီ”

ဤအခြေအနေမျိုးသည် အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးရာ ဂိမ်းပြိုင်ပွဲ အကြောင်းအရာသည် ဝေ့ပေါ်အဆင့် တစ်ဆယ်သို့ ရောက်သွားတော့သည်။ အခြေအနေသည် တဖြည်းဖြည်း ပြင်းထန်လာပြီး လုံးဝ ပြန်ရုပ်သိမ်း၍ မရတော့ချေ။

နာမည်အကြီးဆုံး ပေါ့ပ်အဆိုတော်သာလျှင် ဤကဲ့သို့သော ဆက်ဆံမှုမျိုးကို ရရှိခြင်းဖြစ်သည်။

ချင်မော့နှင့် ဖူကျို့သည် ဂိမ်းလောကတွင် ရုတ်ခြည်းနာမည်ကြီးလာကြောင်းကို သည်အရာအားလုံးက သက်သေပြလို့ နေတော့သည်။

လူအများက ဖူကျို့ကို မန်းရှင်းထားကြသောကြောင့် ပထမတွင် ချင်မော့ဆီမှ စာကို မမြင်လိုက်မိချေ။ သူမသည် ချင်မော့၏စာမျက်နှာကို ဝင်လိုက်ချိန်တွင်တော့ သူမ တွေ့လိုက်ပါပြီ။

“ခေါက်ဆွဲက စားလို့ကောင်းတယ် အဓိက ကတော့ သူက အရမ်းချောနေလို့ပဲ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Wo Geschichten leben. Entdecke jetzt