အပိုင်း (၂၅၉) ကြီးမြတ်လှတဲ့သခင်လေးချင်ကပြောလိုက်တယ် " ဟုတ်တယ် ၊ သကြားလုံးတွေ ဝေန

Start from the beginning
                                    

“ပြီးခဲ့တဲ့နေကပဲ ငါ ခွေးစာတစ်ခွက်လုံးကို အပြောင်ရှင်းလိုက်ပြီးပြီလေ”

ဒါသည် ပုံမှန် ဖြစ်နေကြ အတိုင်းပင် ဖြစ်လေသည်။

ကြီးမြတ်လှသည့်သခင်လေးချင်က ဝေဖန်ချက်တွေထဲက တစ်ခုကို စာပြန်လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

“ဟုတ်တယ်၊ သကြားလုံးတွေ ဝေနေတာ”

သူ.... သူ ဝန်ခံလိုက်တာပေါ့။

ကြီးမြတ်လှသည့်သခင်လေးချင်က ဝန်ခံလိုက်သောအရာကို မည်သူက ငြင်းဆန်ဝံ့ပါမည်နည်း။

ဘယ်သူမှ မလုပ်ရဲဘူး မလား။

တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ကြီးမြတ်လှသည့်သခင်လေးချင်ကို ချည်နှောင်ထားပြီး သူ့ဟာသူ ကြော်ငြာဖို့ လုပ်နေတဲ့သူက Spade Zလို့ မည်သူကများ ပြောဝံ့ပါမည်နည်း။

ပြီးနောက် ထိုပိုစ့်ကိစ္စသည်လည်း နောက်ဆုံးတွင် ချုပ်ငြိမ်းသွားတော့သည်။ အသေရေဖျက်သော စုံတွဲပိုစ့် တစ်ခုသည် အစပိုင်းတွင် လူတွေကို ခေါင်းရှုပ်စေခဲ့သော်လည်း ယခုအခါ ထိုမေးခွန်းများကြောင့်အပြင် ဝေ့ပေါ်ပေါ်တွင် ချင်မော့တင်လိုက်သော ဒုတိယပိုစ့်ကြောင့် အသိပြန်ဝင်လာကြတော့သည်။

Spade Z ဖန်ဖြစ်စေ ချင်၏ဖန်များဖြစ်စေ သူတို့သည် ပိုစ့်တင်သည့်သူကို တောင်းပန်ရန်နှင့် ပိုစ့်ကို ဖျက်ပစ်ရန် ပွက်လောရိုက်နေအောင် တောင်းဆိုနေကြတော့သည်။

နိုင်ငံအဆင့် ပြိုင်ပွဲ နီးကပ်လာသောကြောင့် ဖန်များသည် သူတို့၏ အိုင်ဒေါများကို အကောင်းဆုံး အခြေအနေတွင် ယှဥ်ပြိုင်စေလိုသော ဆန္ဒသာရှိကြတော့သည်။

ထိုသူနှစ်ယောက်၏ ဖန်များပင်မဆိုထားနှင့် တခြားအသင်းများ၏ ဖန်များကလည်း သည်ကိစ္စတွင် အမှန်တရားသည် Spade Zပေါ်တွင် အကြွေးတင်နေသည်ဟု ခံစားနေကြရသည်။

တစ်ချိန်တည်းတွင် ထိုလူငယ်လေးနှင့်  ထိုဖြစ်ရပ်၏ အဓိကအကြောင်းအရာသည် သူ့ခရီးဆောင်အိတ် ထုပ်ပိုးပြီးသည်နှင့် ပြီးဆုံးသွားလေသည်။

သကြားလုံးများနှင့် အသင့်စားခေါက်ဆွဲများကို တစ်ပါတည်း သယ်သွားရသည့်အပြင် ဆူပူနေသော အိမ်တော်ထိန်းလေးသည် ဖူကျို့၏ လုပ်ကိုင်နိုင်စွမ်းကို တိုက်ရိုက် လွှမ်းမိုးသွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now