အပိုင်း (၂၅၆) ကြီးမြတ်တဲ့သခင်လေးချင်က ပိုစ့်တစ်ခု တင်လိုက်တယ်

Start from the beginning
                                    

ဟဲ ဟဲ ဆောရီးပဲနော်။ Supremeအသင်းက အညီညွှတ်ဆုံးအသင်းတစ်ခုလေ၊ တခြားလူတွေ သူတို့ပေါ် အမြတ်ထုတ်သွားမှာကို ဘယ်တော့မှ လက်ခံမဲ့ အသင်းမဟုတ်ဘူး။

တိမ်ကျားကြီးသည် လင်ဖုန်းနှင့် အမီ စာတစ်ကြောင်းနှင့်အတူ ပိုစ့်ကို ပြန်ရှဲလိုက်လေသည်။

“သူ့အတွက် အရေးအကြီးဆုံးသူက ထိခိုက်ခံနေရတော့ ခေါင်းဆောင်ကလဲ ထုတ်ပြောရပြီပေါ့”

သူ့နောက်တွင် အဝေးရောက်နေပြီး တောင်ပိုင်း လေယာဥ်ပေါ်သို့ တက်ရန် ပြင်နေသော COCOနှင့် ဖက်တီးတို့ကလဲ ရှဲလိုက်ပြန်သည်။ သူတို့သည် ဖြစ်ပျက်နေသော အကြောင်းစုံကို မသိသော်လဲ သူတို့၏ အသင်းခေါင်းဆောင် သူဌေးချင်ကို အပြည့်အဝ ယုံကြည်ကြသည်။

Supremeအသင်းသားအားလုံးသည် ချင်မော့၏ ဝေ့ပေါ်ပိုစ့်ကို ရှဲလိုက်ကြသည်။

တစ်ဖန် လူများကို သည်လူငယ်အသင်း၏ ချိုးဖျက်၍မရသော စည်းလုံးညီညွှတ်မှုကို သက်သေပြလိုက်ကြသည်။

အမှန်ပင် ချင်မော့ စာကို တင်လိုက်သည့် တခဏတွင် ဝေ့ပေါ်သည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

“သောက်ကျိုးနည်း၊ ဘာတွေဖြစ်သွားတာလဲဆိုတာကို ငါလဲ အစ်ကိုလင် ကိုမေးချင်လိုက်တာ၊ ကြီးမြတ်လှတဲ့သခင်လေးချင်က ဝေ့ပေါ်မှာ ပိုစ့်တင်ထားတယ်တဲ့၊ အဲပိုစ့်ကလဲ နွေးထွေးမှုအပြည့်နဲ့နော်၊ ငါဖြင့် စိတ်လှုပ်ရှားလွန်းလို့ ပြေးဆင်းပြီး နှစ်ပတ်လောက် ပတ်ပြေးလိုက်ချင်တော့တယ်”

“ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ ဘေးတိုက်ပုံက ချောလိုက်တာဟယ်၊ ငါ့တော့ ယစ်မူးနေမိပြီ”

“ ငါ့ဘဝမှာ ကြီးမြတ်လှတဲ့သခင်လေးချင်က ပိုစ့်တင်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး၊ ချင်ရဲ့ဖန် ဖြစ်ရတာ သေရမယ်ဆိုရင်တောင် သေပျော်ပါပြီဟယ်၊ ဒါပေမဲ့ သူWeiboက ဘာအဓိပ္ပာယ်လဲ၊ ပြိုင်ပွဲကိုပဲ အာရုံစိုက်နေတဲ့သူတွေကတော့ အံ့ဩနေကြတော့မှာပဲ”

“ အေးလေ ၊ အေးလေ”

“ အရင်ဆုံးတင်ခဲ့တဲ့ ပိုစ့်ပိုင်ရှင်ရေ ကျေးဇူးပြုပြီး အသေးစိတ်ကို ချပြပေးပါ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now